ပွဲပယ်ပြစ်ဒဏ်
ချမှတ်ခံလိုက်ရသည့် ပယ်လီဂရီနီ
ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ မန်ချက်စတာစီးတီးအသင်းနည်းပြ ပယ်လီဂရီနီ ကို ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အသက် ၆၀ အရွယ် နည်းပြ ပယ်လီဂရီနီ ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မန်ချက်စတာစီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ပထမအကျော့ပွဲစဉ်အပြီးမှာ ဒိုင်လူကြီးအဲရစ်ဆင်ကို ဝေဖန်ပြောကြားခဲ့တဲ့အတွက် ဥရောပဘောလုံး အဖွဲ့ချုပ် UEFA က ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ် ဒုတိယပိုင်းမှာ မန်ချက်စတာ စီးတီး နောက်ခံကစားသမား ဒီမစ်ချယ်လစ်က ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီး အဲရစ်ဆင်က အနီကဒ်ပြထုတ်ပယ်ခဲ့ပြီး ဘာစီလိုနာ အသင်းကို ပင်နယ်တီပေးခဲ့ခြင်းဖြစ်သည်။
နည်းပြ ပယ်လီဂရီနီ က ဒိုင်လူကြီးဟာ အတွေ့ အကြုံနုနယ်ပြီး ပွဲအစအနေအဆုံး အထိ ဘာစီလိုနာအသင်းကို အနိုင်ရရှိအောင် ကူညီခဲ့တာပါဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ပယ်လီဂရီနီက သူ့ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန် ခဲ့ပေမယ့် ဒိုင်လူကြီးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မှုကြောင့် UEFA က ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နည်းပြပယ်လီဂရီနီဟာ
ပွဲကစားချိန် မတိုင်ခင်မှာအသင်းသားများနဲ့အတူ အ၀တ်လှဲခန်းအတွင်းသို့ ၀င်ရောက်ခွင့်မရှိသလို
ပွဲကစားနေချိန်မှာလည်း အသင်းကို ကြီးကြပ်ခွင့်ရရှိမှာ မဟုတ်ကြောင်း သိရပါသည်။
နည်းပြ ပယ်လီဂရီနီဟာ ယခုနှစ်ရာသီအစကမှ မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိ
လာတာဖြစ်ပြီး အသင်းကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်အောင်
စွမ်းဆောင်ခဲ့ပါသည်။ ဒါပေမယ့် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့အိမ်ကွင်း
ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နောက်တဆင့်ကို
တက်ရောက်ဖို့ မျှော်လင့်ချက်ဟာ နည်းပါးသွားခဲ့ခြင်းဖြစ်သည်။ထို့အပြင် နည်းပြ
ပယ်လီဂရီနီ ဟာလည်း ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းနဲ့
ဒုတိယအကျော့ပွဲစဉ်အပါအ၀င် နောက်ထပ် ဥရောပပွဲစဉ်တစ်ပွဲကိုပါ ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံထားရကြောင်း
သတင်းရရှိပါသည်။
Ref:mrtv-4
Ref:mrtv-4
No comments:
Post a Comment