အိုဘားမား၏ ရောမခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမည်
အမေရိကန်သမ္မတဘားရက်အိုဘားများသည်
ယူကရိန်းနိုင်ငံတွင်း ပြဿနာများကြောင့် သွားရောက်သည့် ဥရောပခရီးစဉ်၏ တတိယရောတစ်ထောက်အဖြစ်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံမည်ဟုသိရသည်။ သမ္မတအိုဘားမားသည်
နယ်သာလန်နှင့်ဘရပ်ဆဲလ်တို့တွင် ဥရောပခေါင်းဆောင်များနှင့် သုံးရက်ကြာတွေ့ ဆုံဆွေးနွေးမှုအပြီး
ယခုကဲ့သို့ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင်
ယူကရိန်းလက်ထဲမှ ခရိုင်းမီးယားဒေသကို ရုရှားတို့ သိမ်းယူလိုက်သောဖြစ်ရပ်သည် အခြအနေတင်းမာနေဆဲဖြစ်သည်။
ပြီးခဲ့သည့်
မတ် ၂၆ ရက်က ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများတွေ့ဆုံဆွေးနွေးပွဲ တွင်
မော်စကိုအား ထိရောက်ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် စိတ်ူကိုယ်တူရှိထားသည်ဟု
အိုဘားမားက ဆိုသည်။ ရုရှားလိုလားသူတပ်ဖွဲ့များက ယခုလအစောပိုင်းတွင် ခရိုင်းမီးယားကျွန်းဆွယ်ကို
သိမ်းယူထားခဲ့ပြီးဖြစ်သည်။
အမေရိကန်နိုင်ငံ၏
ဒုတိယအမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သမ္မတ အိုဘားမားအား
စည်းရုံးလှုံ့ဆော်မှုများ ရှိခဲ့ကြောင်းနှင့် ယခုခရီးစဉ်က ကမ္ဘာတစ်ဝန်းလူများစွာတို့အား
တွန်းအားပေးခြင်းဖြစ်ကြောင်း ဆိုသည်။
မစ္စတာအိုဘားမားအနေဖြင့်
ပုပ်ရဟန်းခေခါင်းဆောင်အပေါ် ၎င်းတို့၏ လေးစားတန်ဖိုးထားမှုကို ဖော်ပြရန် ရည်ရွယ်ပါကြောင်း
၎င်းက ထပ်လောင်းပြောဆိုသည်။
No comments:
Post a Comment