Friday, March 28, 2014


မလေးရှားလေယာဉ်ပျက်၏ အပိုင်းအစ ၃၀၀ ကို ထိုင်းဂြိုဟ်တုမှ တွေ့ရှိ ရာသီဥတုကြောင့် ယင်းအပိုင်းအစများကို ရှာဖွေရေး လုပ်ငန်း ဆောင် ရွက်မှုများနှောင့်နှေးနေ

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ပင်လယ်ပြင်တွင် မျောပါနေသော အရာဝတ္တုများကို ဂြိုလ်တုမှ ဓာတ်ပုံများ ရိုက်ယူရရှိခဲ့သည်ဟု စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။ သို့ရာတွင် မလေးရှားလေယာဉ်ပျက်ကို ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် ပင်လယ်ပြင်နေရာတစ်ဝိုက်တွင် ရာသီဥတုဆိုးရွားနေသဖြင့် အဆိုပါမျောပါနေသည့်အရာဝတ္တုများကို ရှာဖွေတွေ့ရှိရန် သောကြာနေ့အထိကြာမြင့်မည်ဖြစ်သည်။ အရှည်ခြောက်ပေမှ ၁၅ ပေအထိရှိသည့် အဆိုပါ အရာဝတ္တု ၃၀၀ ခန့်ကို ထိုင်းဂြိုဟ်တုမှ ဓာတ်ပုံများ ရိုက်ယူရရှိခဲ့ခြင်းဖြစ်သည်။ ယခုလ ၂၃ ရက်က ပြင်သစ်ဂြိုဟ်တုတစ်ခုမှ ရိုက်ကူးရရှိသော မျောပါနေသည့် အရာဝတ္တုများတွေ့ရှိသည့် ပင်လယ်ပြင်နေရာမှ ၁၂၅ မိုင်အကွာ အခြားပင်လယ်ပြင်နေရာတွင် အဆိုပါ အရာဝတ္တု  ၃၀၀ ခန့်ကို ထိုင်းဂြိုဟ်တုက ယနေ့တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုတွေ့ရှိထားသည့် အရာဝတ္တုများကို ရိုက်ယူရရှိသည့် ဓာတ်ပုံများကိုသာ အလွန်အမင်း အာရုံ စိုက်နေမှုကို ကျွမ်းကျင်သူများက သတိပေးလိုက်ပြီးနောက် အရာဝတ္တုများကို ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေသူများအနေဖြင့် သတိထားလုပ်ကိုင်လာရတော့မည်ဖြစ်သည်။ ဂြိုဟ်တုများက  ရိုက်ယူ ရရှိသည့် ဓာတ်ပုံများတွင် ဖော်ပြထားသော အရာဝတ္တုများသည် ပင်လယ်ပြင်အတွင်းမှ လှိုင်းခေါင်းဖြူ များလည်း ဖြစ်နိုင်သည်ဟု ဂြိုဟ်တုဓာတ်ပုံကျွမ်းကျင်သူ စီအိုင်အေအရာရှိဟောင်း စတီဖင်ဝုဒ် က ပြောကြားခဲ့ပြီး လှိုင်းခေါင်းဖြူများသည် တတယ့်အရာဝတ္တုများအတိုင်း ဓာတ်ပုံများတွင် ရိုက်ယူရရှိနိုင်သည်ဟု ဆိုသည်။
ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသည့် သြစတြေးလျအစိုးရ တာဝန်ရှိသူများက လေကြောင်းရှာဖွေရေးလုပ်ငန်းစဉ်များကို ယနေ့တွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ရှာဖွေရေးလုပ်ငန်းစဉ်အတွက် ကူညီဆောင်ရွက်နေသည့် သင်္ဘောခြောက်စင်းကမူ ရှာဖွေရေး လုပ်ငန်း ဆက်လုပ်မည်ဖြစ်သည်။ ပင်လယ်ပြင်အတွင်း ရှာဖွေရေးလုပ်ငန်းဆောင်ရွက်သည့် နေရာတွင် မိုးတိမ် များသည် ပင်လယ်ရေမျက်နှာပြင်ပေါ်အထိ ရောက်ရှိနေသဖြင့် ဘာကိုမှ မမြင်ရလောက်အောင် ဖြစ်နေ သည်ဟု အမေရိကန်ရေတပ်မှ အကြီးတန်းကွပ်ကဲရေးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး အက်ဒမ်ရှန့်က ရှာဖွေရေးလုပ်ငန်းစဉ်များ နှောင့်နှေးမည့် အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း စီအင်န်အင်န် သတင်းတွင်ဖော်ပြသည်။

No comments:

Post a Comment

back to top