Friday, March 28, 2014


၄၆ နှစ်ကြာ ထောင်ဒဏ်ချခံရပြီးနောက် ဂျပန်အမျိုးသားတစ်ဦး အမှုပြန်လည်စစ်ဆေး
ကြိုးမိန့်ကျပြီး ဆယ်စုနှစ်လေးခု ကျော်ကြာ ထောင်ချခံခဲ့ရသူ အမျိုးသားတစ်ဦးကကို ဂျပန် တရားရုံးက ပြန်လည်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။ ဟာကာမာဒါသည် ၁၉၆၈ ခုနှစ်က ၎င်း၏ သူဌေးနှင့် မိသားစုကို သတ်သည့် အမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
အသက် ၇၈ နှစ်အရွယ် ဟာကာမာဒါသည် ရက် ၂၀ ကြာ စစ်ဆေးခံရချိန်တွင် အရိုက်ခံခဲ့ ရပြီး ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် တရားရုံးတွင်လည်း ဖြောင့်ချက်ပေးခဲ့သည်။ ဂျပန်ရဲ အရာ၇ှိများသည် ၎င်းဖြောင့်ချက်ဖြင့် တရားစွဲဆိုမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သော် လည်း ဝေဖန်ရေးသမားများက ၎င်းတို့၏ ဖိအားပေးမှုများကြောင့် ယခုကဲ့သို့ ဖြောင့်ချက်ရ ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
ဖော်ပြချက်တစ်ခုတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဟာကာမာဒါသည် ကြိုးမိန့်ချ ခံရသူတွင် ထောင်ကျသက်တမ်းအရှည်ဆုံးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
၎င်းသည် ဖိအားပေးဖြောင့်ချက်အပေါ် အခြေခံ၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး ဒီအင်န်အေ အထောက် အထားများနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒါရိုက်တာက ပြောခဲ့သည်။
ဟကာမာဒါ၏အစ်ဖြစ်သူ အသက် ၈၁ နှစ်အရွယ် ဟီဒီကိုသည် ပြန်လည်စစ်ဆေးမှုအတွက် နှစ်များစွာကြာ အတိုက်အခံပြုလုပ်ခဲ့သည်။

No comments:

Post a Comment

back to top