ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒို
ဟာ ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်မယ့် လောရက်စ် ရဲ့ အကောင်းဆုံး အမျိုးသားကစားသမားဆု
ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အသက် ၂၉ နှစ်အရွယ်
တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၃ ခုနှစ် ရီးရဲလ် မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းအတွက် ၆၉
ဂိုးအထိ သွင်းယူထားတာဖြစ်သလို ၂၀၁၃ ခုနှစ် အတွက် ချီးမြှင့်တဲ့ FIFA ရဲ့
အကောင်းဆုံးအားကစားသမားဆုကိုလည်း ရရှိထားခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်အတွက် လောရက်စ်ရဲ့ အကောင်းဆုံး
အားကစားသမားဆု ဆန်ကာတင်စာရင်းမှာ ရော်နယ်ဒို ပါဝင်နေသလို အကောင်းဆုံး
ပြန်လည်ကစားနိုင်တဲ့ ကစားသမားဆု စာရင်းမှာ စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ် ပါဝင်နေဖြစ်သည်။
ရာဖေးနာဒယ်ဟာ ဒူးဒဏ်ရာကြောင့် ၇ လကြာ
အနားယူခဲ့ရတာဖြစ်ပေမယ့် ဒဏ်ရာမှ ပြန်လည်သက်သာ လာချိန်မှာ
ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့သလို မြေစေးကွင်းမှာ
အကြိမ်အများအဆုံး ဗိုလ်စွဲနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည် နေခြင်းဖြစ်သည်။
ထို့အပြင် ကမ္ဘာ့အဆင့်(၁)တင်းနစ်သမားအဖြစ်
ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး ATP မာစတာပြိုင်ပွဲမှာလည်း ၅ ကြိမ်အထိ
ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
နောက်ထပ်တစ်ဆုအဖြစ် တိုးတက်မှုအကောင်းဆုံး
ကစားသမားစာရင်းမှာ ရက်ဘူးလ်အသင်းမှ ဆိုက်ကယ်စီးသမား မာကွက် ပါဝင်နေကြောင်းသိရသည်။
မားကွက်ဟာ ၂၀၁၃ ခုနှစ်က ဆိုင်ကယ် စီးရီးပြိုင်ပွဲမှာ
ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး တစ်နှစ်တာတိုးတက်မှု အကောင်းဆုံး ကစားသမားဆု ရရှိဖို့ရေပန်းစားနေခြင်းဖြစ်သည်။၂၀၁၃
ခုနှစ်အတွက် လောရက်စ်ရဲ့ အကောင်းဆုံး အားကစားသမားဆုချီးမြှင့်ပွဲအခမ်းအနားကို
မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရသည်။
လောရက်စ်ကမ္ဘာ့အကောင်းဆုံး အားကစားသမားဆုတွေကို ၂၀၀၀ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့
တာဖြစ်ပြီး လက်ရှိအချိန်မှာ အမျိုးအစားပေါင်း ၁၀ မျိုး ချီးမြှင့်နေခြင်းဖြစ်သည်။ အကောင်းဆုံး
အမျိုးသား ကစားသမားဆုကို ရော်နယ်ဒို သာရရှိခဲ့ပါက ဘောလုံးသမားများထဲမှ ပထမဆုံး
ရရှိတဲ့သူအဖြစ် မှတ်တမ်း ၀င်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။
Ref:mrtv-4
Ref:mrtv-4
No comments:
Post a Comment