၁ နာရီ ၂၈ မိုင် မောင်းနှင်နိုင်သည့် လျှပ်စစ်စက်ဘီး ဂျာမနီ အင်ဂျင် နီယာများ ထုတ်လုပ်
ဂျာမနီနိုင်ငံမှ
အင်ဂျင်နီယာများသည် ၁ နာရီလျှင် ၂၈ မိုင် (၄၅ ကီလိုမီတာ)
မောင်းနှင်နိုင်ပြီး စက်ဘီး၏ ဘီးနှစ်ဘီးကြား အလယ်ဗဟိုတွင် လျှပ်စစ်မော်တာ
တစ်ခု တပ်ဆင်ထားသည့် Feddz လျှပ်စစ် စက်ဘီးများကို ထုတ်လုပ်ခဲ့ကြသည်ဟု
သိရသည်။
Feddz အမည်ရှိ အဆိုပါ စက်ဘီးများကို
Premium model နှင့် eco model ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားပြီး
စက်ဘီးအမျိုးအစား နှစ်မျိုးလုံးတွင် ပစ္စည်းကိရိယာများ ထည့်သွင်း၍ ရသည့်
tool box ကြီးတစ်ခု ပါဝင်ကာ အဆိုပါ tool box တွင် လောင်စာဆီ၂၃ လီတာခန့်
သိုလှောင် ထားနိုင်သည်ဟု သိရသည်။
Feddz လျှပ်စစ်စက်ဘီးများတွင်
နောက်ဆုံးပေါ် Lithium-ion ဘက်ထရီများ ထည့်သွင်းထားပြီး ၎င်းဘက်ထရီများကို
အိမ်သုံး ပါဝါလိုင်းများမှ တစ်ဆင့် ဓာတ်အားပေး သွင်းနိုင်ကာ ဘက်ထရီ
အားဖြည့်ရန် ၇ နာရီကြာခန့် အားသွင်းရသည်ဟု သိရသည်။
Feddz စက်ဘီးများတွင် Premium model
စက်ဘီးများသည် တစ်ကြိမ် အားသွင်းပြီးလျှင် ၁ နာရီ ၂၈ မိုင်နှုန်းဖြင့်
ခရီးအကွာအဝေး ၆၈ မိုင်အထိသော် လည်းကောင်း၊ eco model စက်ဘီးများသည်
တစ်ကြိမ် အားသွင်းပြီးလျှင် ၁ နာရီ ၁၆ မိုင်နှုန်းဖြင့် ခရီးအကွာအဝေး ၄၃
မိုင်အထိ လည်းကောင်း မောင်းနှင်နိုင် သည်ဟု သိရသည်။
Feddz စက်ဘီးများကို ၎င်းတို့၏ model အလိုက်
ဈေးနှုန်း အနည်းအများ သတ်မှတ်ထားပြီး eco model စက်ဘီးများကို စတာလင်ပေါင်
၅ဝ၁၈ ဖြင့်သော် လည်းကောင်း၊ premium model စက်ဘီးများကို စတာလင်ပေါင် ၅၈၅၅
ဖြင့်သော် လည်းကောင်း ရောင်းချသွားမည် ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment