လက်သည်းအလှ ပြုပြင်ခြင်း နောက်ကွယ်မှ အန္တရာယ်များ
ဒီနေ့ခေတ် လက်သည်းအလှပြုပြင်တဲ့ ပုံစံတွေက နည်းပညာမြင့်
အဆင်ဒီဇိုင်းတွေကို သုံးလာကြပါတယ်။ လက်သည်း ကြာကြာလှနေစေဖို့
ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး ပြုပြင်တာမျိုးတောင် ရှိလာပါတယ်။ ဒီလို
ပြုပြင်မှုတွေကြောင့် လက်သည်း ကြွပ်ဆတ်တာ၊
အားနည်းတာနဲ့ ပိုးဝင် တာတွေ ဖြစ် လာစေနိုင် ပါတယ်။ ဒါကြောင့် လက်သည်းအလှ
ပြုပြင်တဲ့အခါ ထိခိုက်မှုနည်းပြီး အန္တရာယ်ကင်းအောင် ထိန်းသိမ်းနိုင် မယ့်
အချက်တွေကို အကြံပြုလိုက်ပါတယ်။
လက်သည်းအလှပြုပြင်သူက အကောင်းဆုံး အရည်အချင်းရှိသူလား ?
လက်သည်း အလှပြုပြင်သူအများစုက ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ မဟုတ်ပါဘူး။ ဒါကြောင့် လက် သည်းကို တံစဉ်းတိုက်တဲ့အခါ၊ လက်သည်း တစ်ခုလုံးကို ဖြူဖွေးအောင် ပွတ်တိုက်တဲ့အခါနဲ့ လက်သည်း ဆိုးဆေး အဟောင်းတွေကို ချွန်မြတဲ့ ကိရိယာနဲ့ ဖယ်ရှားတဲ့အခါ နည်းစနစ် မကျ တာတွေကြောင့် လက် သည်းတွေ အားပျော့လာနိုင်ပါတယ်။ “ဒီလိုအခါမျိုးမှာ လက်သည်းတွေကို ကြမ်းကြမ်း တမ်းတမ်း ပြုမူနေပြီ ဆိုတာကို လက်သည်းအလှပြင်တဲ့သူကို ပြောပြသင့်ပါတယ်။ တကယ် လို့ အေ ဆိုက် ကလစ် ဆေးခြယ် တဲ့အခါ လက်သည်း ပြင်တဲ့သူတွေက လက်သည်း ကို ကြေးချွတ် ပစ်တတ်တာကြောင့် လက်သည်း က ပိုမိုကြမ်းတမ်း သွားတတ်ပါတယ်” လို့ ယူကေမှ ဆမ်မန်သာက ဆိုပါတယ်။
လက်သည်း အလှပြုပြင်သူအများစုက ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ မဟုတ်ပါဘူး။ ဒါကြောင့် လက် သည်းကို တံစဉ်းတိုက်တဲ့အခါ၊ လက်သည်း တစ်ခုလုံးကို ဖြူဖွေးအောင် ပွတ်တိုက်တဲ့အခါနဲ့ လက်သည်း ဆိုးဆေး အဟောင်းတွေကို ချွန်မြတဲ့ ကိရိယာနဲ့ ဖယ်ရှားတဲ့အခါ နည်းစနစ် မကျ တာတွေကြောင့် လက် သည်းတွေ အားပျော့လာနိုင်ပါတယ်။ “ဒီလိုအခါမျိုးမှာ လက်သည်းတွေကို ကြမ်းကြမ်း တမ်းတမ်း ပြုမူနေပြီ ဆိုတာကို လက်သည်းအလှပြင်တဲ့သူကို ပြောပြသင့်ပါတယ်။ တကယ် လို့ အေ ဆိုက် ကလစ် ဆေးခြယ် တဲ့အခါ လက်သည်း ပြင်တဲ့သူတွေက လက်သည်း ကို ကြေးချွတ် ပစ်တတ်တာကြောင့် လက်သည်း က ပိုမိုကြမ်းတမ်း သွားတတ်ပါတယ်” လို့ ယူကေမှ ဆမ်မန်သာက ဆိုပါတယ်။
လက်သည်းကိုပဲ အန္တရာယ်ဖြစ်စေမှာလား?
တချို့ လက်သည်းဖျက်ဆေး ဒါမှမဟုတ် လက်သည်းကပ်ဆေးတွေက မျက်ဝန်းတစ်ဝိုက်ကို ဓာတ် မတည့်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေနိုင်ပါတယ်။ “လက်သည်း ဖျက်ဆေးနဲ့ ဓာတ်မတည့်မှုကြောင့် မျက်ဝန်း တစ်ဝိုက် ယားယံတဲ့ အဖတ်တွေ ကွာလာတတ်ပါတယ်။ ဒါက အဲဒီလက်သည်းနဲ့ မျက်လုံးကို သွားထိမိ ရာက ဓာတ်မတည့်စေတဲ့ အရာတွေ ကူးစက်သွားပြီး ပါးလွှာတဲ့ မျက်ဝန်းအရေပြားထဲ ဝင်လွယ်စေလို့ပါ” လို့ အရေပြားအထူးကုဆရာဝန် ဒေါက်တာတာမာရာက ဆိုပါတယ်။ ပျမ်းမျှအားဖြင့် လူတွေက ကိုယ့်မျက် လုံးကို အကြိမ် ၂၀ လောက် ပွတ်သပ် ထိတွေ့တတ်တာကြောင့် လက်သည်းဖျက်ဆေး၊ အရောင် တင်ဆေးတွေ သုံးတဲ့အခါ ဓာတ်မတည့်မှုနည်းပါးတဲ့ နူးညံ့တဲ့ ဖော်မြူလာကိုပဲ သုံးသင့်ပါတယ်။
ရေရှည်ခံတဲ့ လက်သည်းပြုပြင်နည်းတွေကို ရှောင်သင့်သလား ?
ဂျဲလ်နဲ့ လက်သည်းပြုပြင်တာက သဘာဝကျကျ တောက်ပြောင်မှုရှိတာကြောင့် အခုနောက် ပိုင်း ရေပန်းစားလာပါတယ်။ ဒါပေမဲ့ လက်သည်းကို ဂျဲလ် (Gel) နဲ့ ဆိုးပြီးချိန်မှာ လက်သည်းတွေက အားနည်းလာပါတယ်။ လက်သည်းကို ဂျဲလ်နဲ့ ခပ်ထူထူဆိုးပြီးချိန်မှာ အရောင်ပါတဲ့ ဂျဲလ်တွေက အခဲလိုက် ဖြစ်သွားတဲ့အတွက် ဖယ်ရှားချိန်မှာ လက်သည်းအားနည်းထိခိုက်မှု များတတ်ပါတယ်။ “ဂျဲလ်သုတ်ထားတဲ့ လက်သည်းတွေကို သန့်စင်တဲ့အခါ ထိခိုက်မှုက သိသာပြီး ကူးစက်ပိုးဝင်နိုင်ခြေ များပါတယ်” လို့ အရေပြားအထူးကု ဆရာဝန် ဒေါက်တာဂရစ်ဖစ်က ဆိုပါတယ်။ ဒီအချိန်မှာ အန္တရာယ် ကင်းကင်း ဖယ်ရှားနိုင်ဖို့အတွက် အဆီတုန်းပါတဲ့ လက်သည်း ဖျက်ဆေးကို ၁၀ မိနစ် လောက် လိမ်းပေးပါ။ ဒါဆိုရင် လွယ်လင့်တကူ ဆေးတွေကို ပျက်စေနိုင်ပါတယ်။ အဆီတုန်းက လက်သည်းနဲ့ လက်ချောင်းတွေကို ဖြူဖွေးစေပေမယ့် ဒီအာနိသင်က ယာယီပဲဖြစ်ပြီး အန္တရာယ်ကင်းပါတယ်။
လက်သည်းဆိုးဆေး ဂျဲလ်တွေကို ခရမ်းလွန်ရောင်ခြည်သုံးပြီး ကပ်တာ အရေပြား ကင်ဆာ ဖြစ်စေနိုင် သလား ?
ခရမ်းလွန်ရောင်ခြည် သုံးတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ အမေရိကန် အရေပြား အထူးကု အကယ်ဒမီ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လက်သည်းတွေ ကို ပြုပြင် ရာမှာတော့ အလင်းရောင်ပဲ ပေးတာဖြစ်လို့ အန္တရာယ် သိပ်မရှိဘူးလို့ ပြုပြင်သူတွေက ဆိုပါတယ်။ “ဒီမေးခွန်းကို ဖြေဖို့ခက်ပါတယ်။ ဒါပေမဲ့ လက်သည်းတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ မပြုပြင်ခင်မှာ လက်သည်းထိပ်နဲ့ လက်ချောင်းတွေကို နေကာခရင်မ် အရင်လိမ်းသင့်ပါတယ်” လို့ အရေပြား အထူးကုဆရာဝန် ဒေါက်တာအန်တန်က အကြံပြုထားပါတယ်။
လက်သည်းပန်းကုံးတွေကို လက်သည်းပြုပြင်သူက ဖယ်ရှားရင် လက်ခံသင့်သလား ?
လက်သည်း ပန်းကုံးတွေကို မလှီးဖြတ်သင့်ပါဘူး။ ဒီပါးလွှာတဲ့ အရေပြားဟာ လက်ချောင်းနဲ့ လက် သည်းကြား က ရေစိုခံတဲ့ တိပ်လိုပါပဲ။ ဒါလေးကို အနှောင့်အယှက် ပေးလိုက်ရင် အစိုဓာတ် အနည်းငယ်က လက်သည်းအတွင်းထဲမှာ ဒါမှမဟုတ် အရေပြားအောက်မှာ စုပုံသွားပြီး နာကျင်ကာ မကြာခဏပြန်ဖြစ်တဲ့ ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းတွင်း တာရှည်ပိုးဝင် ရောင်ရမ်း နာကျင်တာဟာ လက်သည်းကြီးထွားလာတာနဲ့အမျှ လက်သည်းကြမ်းပြင်ပေါ်မှာ ပုံမမှန်တဲ့ ပြောင်းလဲ မှုတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ လက်သည်းကြီးထွားလာအောင် လက်သည်းပန်းကုံးတွေ ကို နောက်ဘက်တွန်းပို့လိုတယ်ဆိုရင် ရေထဲမှာ စိမ်ပြီး နူးညံ့အောင် အရင်ထားပါ။ ပြီးမှ ညင်ညင် သာသာ နောက်ကို ပို့ပေးပါ။
လက်သည်း အရောင်တင်ဆီထဲက ဓာတုပစ္စည်းတွေက အန္တရာယ်ကင်းရဲ့လား?
ဖော်မယ်ဒီဟိုက် (Formal de hyde) နဲ့ တော်လူး (Toluene) တွေက အန္တရာယ်ကင်းပြီး အလှကုန် ပစ္စည်းအဖြစ် တရားဝင် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ တခြားပါဝင်ပစ္စည်းဖြစ်တဲ့ DBP (Di-butyl phthalate) ကိုတော့ လက်သည်းအရောင်တင်ဆီမှာ ထည့်သုံးပေမယ့် ဥရောပမှာ ၂၀၀၅ ကတည်းက တားမြစ်ခဲ့ ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ လက်သည်း ကူးစက်ပိုး ဝင်တတ်ပါသလဲ ?
လက်သည်း ပန်းကုံးတွေကို လှီးဖြတ်တာက ဖန်းဂတ်စ်မှိုပိုး ဝင်စေနိုင်ပေမယ့် လက်သည်းမှာဖြစ်တာ ရှားပါတယ်။ ခြေသည်းမှာ အဖြစ်ပိုများပါတယ်။ အကြောင်းကတော့ စိုစွတ်နွေးထွေးတဲ့ အခြေအနေမှာ ဖန်းဂပ်စ်မှို စွဲနိုင်ခြေများလို့ပါ။ လက်သည်းတွေဆိုတာ တစ်သျှူးသေတွေ ဖြစ်ပါတယ်။ လက်သည်း အရောင်တင်ဆီကြောင့် ထိခိုက်သွားတယ်ဆိုရင် ခဏလောက် အနားပေးလိုက်တာနဲ့ အသစ်ပြန် ထွက်လာ ပါလိမ့်မယ်။ ဒါပေမဲ့ ခြေသည်းကတော့ ခြောက်လခန့်ကြာမှ အသစ်ပြန်ဖြစ်ပါတယ်။
လက်သည်း ကျန်းမာအောင် ဘယ်လိုလုပ်သင့်သလဲ ?
တချို့လူတွေရဲ့ လက်သည်းတွေက ကြွပ်ဆတ်နေပြီး အလွှာအထပ်လိုက် ဖြစ်နေတယ်ဆိုရင် စာရိုက်တာနဲ့ ဥယျာဉ်ခြံမြေ စိုက်ပျိုးတာကြောင့် ပိုဆိုးစေနိုင်ပါတယ်။ လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်လိမ်း ခရင်မ်လိမ်းပြီး လက်သည်းတွေ ထိခိုက်ဒဏ်ရာ မရအောင် ပုံမှန် လှီးဖြတ်ပါ။ လက်သည်း တစ်ပြင် လုံး ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။
By Good Health.
No comments:
Post a Comment