နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - March 28, 2014
တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌
ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ်
ကုမ်ရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။
ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန်
တည်ရှိနေပါမည်။ ရာဟုနှင့်ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။
ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ
ကုမ်နှင့်ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္လာနှင့် နက်ပ်ကျွန်းဂြိုဟ်များ
ပူးယှဉ်သည်။ ရာဟုမှ တနင်္လာသို့ ၁၂၀ံအမြင် ရှိထားသည်။ သတ္တဘိသျှ
နက္ခတ်စန်းယှဉ်ပြီး မိဿ၊ ပြိဿ၊ မေထုန်၊ တူ၊ ဗြိစ္ဆာ၊ ဓနုနှင့်
ကုမ်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ အင်္ဂါ၊ စနေနှင့်
ရာဟုသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ဘီယာ/အရက်လုပ်ငန်းများ
စတင်ခြင်းနှင့် သိုလှောင်ခြင်း၊ ဆေးဝါးဖော်စပ်ခြင်းနှင့်
ဆေးကုသမှုခံယူခြင်း၊ ငါးဖမ်းလုပ်ငန်း၊ ဆေးဝါးအရောင်းဆိုင် ဖွင့်လှစ်ခြင်း၊
သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အလျှင်အမြန်
အကျိုးဖြစ်ထွန်းလိုသော ကိစ္စများ ဆောင်ရွက်နိုင်သည်။
ကံကောင်းဂဏန်း- ၃၊ ၇၊ ၈
တနင်္ဂနွေသားသမီးများ
မိမိကြံစည် ကြိုးပမ်းမှု၌ နှောင်းနှေးကြန့်ကြာမှုများ တွေ့ကြုံရမည်။
တနင်္လာသားသမီးများ
လူမူရေးပိုင်း အားနာ လိုက်လျောမှုများကြောင့် ဆုံးရှုံးနစ်နာမှုများ တွေ့ကြုံနိုင်သည်။
အင်္ဂါနေ့သားသမီးများ
ငွေကြေးအကျိုးအမြတ်များ ထူးခြားစွာ ရရှိတတ်သည့် ရွှေရောင်နေ့ရက်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
အထက် အကြီးအကဲများနှင့် ပတ်သက်၍ ၀န်ထုပ်ဝန်ပိုးဖြစ်ရတတ်သည်။
ကြာသာပတေးနေ့သားသမီးများ
အတိုက်အခံ ပဋိပက္ခပြဿနာများဖြင့် မိတ်ဆွေဖွဲ့ရမည့် အချိန်ကာလဖြစ်သည်။
သောကြာနေ့သားသမီးများ
ဆုံးဖြတ်ချက်များ လွဲချော်မှားယွင်းပြီး လုပ်ငန်းတွင် အညံ့ကြုံလာမည်။
စနေနေ့သားသမီးများ
လုပ်ငန်းတွင် ကြီးမားသော တိုးတက် ပြောင်းလဲမှုများ တွေ့ကြုံလာမည်။
ရာဟုနေ့သားသမီးများ
လျှပ်တပြက် အကြံဉာဏ်ကောင်းများကြောင့် လုပ်ငန်းပိုင်း အကျိုးရှိ အောင်မြင်ချိန်ဖြစ်သည်။ တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနီ၊ အဖြူ |
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ခရမ်း၊ အစိမ်းရင့် |
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အနီ၊ အ၀ါ၊ အပြာနု |
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ မီးခိုး |
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ခရမ်း၊ အစိမ်းရင့် |
သောကြာသားသမီးများ ၀တ်ဆင်ရန် | အနီ၊ အနက်၊ မီးခိုး |
စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ခရမ်း၊ အနက် |
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းရင့်၊ အနက်၊ အ၀ါ |
No comments:
Post a Comment