မြန်မာနိုင်ငံမှ ပထမဆုံးလူငယ်ရုပ်ရှင်ပွဲတော်ကျင်းပရန်ရှိ
သြဂုတ်လတွင်ကျရောက်မည့်
နိုင်ငံတကာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူငယ်များ၏ စွမ်းဆောင်ရေးနှင့်အခက်အခဲများကို
အနုပညာလက်ရာတွင် တင်ဆက်ပြသသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ မြန်မာလူငယ်များအစည်းအရုံး
ဥက္ကဋ္ဌ ဦးရန်နိုင်ဇွဲ ကပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဘာဖြစ်လို့ ဒီလိုပွဲလုပ်ရတာလဲဆိုရင် ယနေ့ကျွန်တော်တို့နိုင်ငံမှာ
လူငယ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ပြသနာတွေ၊ လူငယ်တွေဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေကို
ရုပ်ရှင်ကနေ ပြည်သူလူထုသိရှိနိုင်စေဖို့အတွက် လူငယ်များ ရုပ်ရှင်ပွဲတော်ကိုပြုလုပ်ရတာဖြစ်ပါတယ်"ဟု
၎င်းက ယခုလ ၂၃ ရက်တွင် ပြည်ထောင်စုနေစဉ်သို့ ပြောကြားခဲ့သည်။
ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သော
အကြောင်းအရာများကို ယခုနှစ်ဇွန်လတွင် အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အသင်းမနေဖြင့်
လူငယ်အကျိုးပြု အနုပညာပွဲတော်များနှင့် လူငယ်များအတွက် အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ပညာရပ်များကို
အခမဲ့ သင်တန်းများဖွင့်လှစ်သွားရန် ရှိကြောင်းသိရသည်။
No comments:
Post a Comment