Tuesday, March 4, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလတွင် လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးရန် စီစဉ် 

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြို ကာလနှင့် ဖြေဆိုချိန် များတွင် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ဓာတ်အား ပိုမို ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရန် အတွက် စွမ်းအင် ဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ စက်ရုံအချို့သို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းထားပြီး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ သို့ နေ့စဉ် ကုန်းတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၄သန်းနှင့် ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၃၉သန်းအား ဖြန့်ဖြူး ပေးထား ပါကြောင်း သတင်း ရရှိသည်။

 

No comments:

Post a Comment

back to top