ဒုံးကျည်များ ထုတ်လုပ်ခြင်းသည် မိမိနိုင်ငံအား ကာကွယ်ရန် အတွက်ဟု အီရန် သမ္မတပြော
အီရန်နိုင်ငံ၏
ဒုံးကျည် အသုံးပြုမှုများသည် မိမိနိုင်ငံအား ကာကွယ်ရန် အတွက်သာဖြစ်၍
လိုအပ်မှသာ လျှင် အသုံးပြုသွားမည် ဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက
ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အီရန်နိုင်ငံ၏ ဒုံးကျည် ထုတ်လုပ်မှုသည်
ကာကွယ်ရေး ရည်ရွယ်ချက် အတွက်သာ ဖြစ်ကြောင်းနှင့် အီရန်နိုင်ငံ၏ နျူကလီးယား
လှုပ်ရှား ဆောင်ရွက်မှုများသည်လည်း အလုံးစုံ ငြိမ်းချမ်းရေး အတွက်
ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ
(IAEA) အနေဖြင့် အီရန်နိုင်ငံအား နာရီပေါင်းများစွာ စုံစမ်း စစ်ဆေးမှု
ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး ရှေးရှု သည့် နျူကလီးယား ဆောင်ရွက်မှု
အခြေအနေများ မှ သွေဖည်မှုများကို တွေ့ရှိခဲ့ခြင်း မရှိခဲ့ကြောင်း ၎င်းက
ရှင်းလင်း ပြောကြားခဲ့သည်။
စက်မှုနိုင်ငံများ အနေဖြင့် ၎င်းတို့၏
အဓိကကျသော နည်းပညာများအား လက်ဝါးကြီး အုပ်ထိန်းချုပ်၍ အခြားနိုင်ငံများအပေါ်
စိုးမိုး ခြယ်လှယ်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး နျူက လီးယား
မပြန့်ပွားရေး စာချုပ်အား ချိုးဖောက်လျက် ရှိကြောင်း ရိုဟာနီက
ပြောကြားခဲ့သည်။
No comments:
Post a Comment