Monday, March 3, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဘက်စုံစွမ်းဆောင်ရည် မြှင့် တင်ရေး စီမံခန့်ခွဲမှုသင်တန်း သင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် Trust Human Development တို့ ပူးပေါင်း ဖွင့်လှစ်သော ဘက်စုံ စွမ်းဆောင်ရည် မြှင့်တင်ရေး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၃) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၃) ရက် နံနက် (၈) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ် သင်တန်းကျောင်းရှိ ပြည်ထောင်စု ခန်းမဆောင်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးဌေးဦး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်၊ ဗဟို အတွင်းရေးမှူးများ ဖြစ် ကြသော ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဗဟိုအကြံပေးများဖြစ်သော ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာ မြဦး၊ ဗဟိုအလုပ်အမှုဆောင် များ ဖြစ်ကြသော ဦးစိုးနိုင်၊ ဦးလှသိန်း ဆွေ၊ ဦးဇော်မြင့်ဖေ၊ ဗဟိုကော်မတီဝင် ဦးသူရိန်ဇော်နှင့် ပါတီဌာနချုပ်မှ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဒုတိယ ဌာနမှူး များ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသ ကြီး ပြည်နယ် အသီးသီးမှ သင်တန်းသား/သင်တန်းသူ (၁၀၀) ဦးတို့ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်မှ အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့သင်တန်းကို တက်ရောက်ကြတဲ့ သင်တန်းသား/ သင်တန်း သူများဟာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ ရွေးချယ်စေလွှတ်ပေးလိုက်တဲ့ အမာခံ ပါတီဝင် များ ဖြစ်ကြောင်း၊ ဒါကြောင့် သင်တန်းသား/သူများ အနေဖြင့် အနာဂတ်မှာ မိမိတို့ပါတီကို လက်ဆင့်ကမ်း ဦးဆောင် သွားနိုင်ဖို့ သင်တန်းမှာပို့ချမည့် ဘာသာရပ်များကို အပတ်တကုတ် ကြိုးစားသင်ကြားကြ ရန်လိုကြောင်း၊ မိမိတို့ နယ်မြေမှ ပါတီဝင်များအားလည်း ဆင့်ပွားသင်ကြားလေ့ကျင့်ပေးကြ ရန် အကျယ် တစ်ဝင့် ပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး စကားပြောကြား ကာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဘက်စုံစွမ်း ဆောင်ရည် မြှင့်တင်ရေး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၃) သင်တန်းကာလမှာ (၁) လ ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top