အိန္ဒိယနိုင်ငံ ရေတပ်မှ INS Sindhuratna အမည်ရှိ ရေငုပ် သင်္ဘောတစ်စင်း မွန်ဘိုင်း ကမ်းခြေသို့ အပြန် ပင်လယ်ပြင် တစ်နေရာ၌မတော်တဆမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ သင်္ဘောသား (၂) ဦး ပျောက်ဆုံးလျက်ရှိပြီး
(၇) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ရသည်။ ထိုအဖြစ်အပျက်ပြီးနောက် အိန္ဒိယ
နိုင်ငံရေတပ်မှ အဆင့်မြင့် အရာရှိချုပ် တစ်ဦး ရာထူးမှ ယမန်နေ့က
နှုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့် ယင်းသို့သော
ရေငုပ်သင်္ဘောများ မတော်တဆမှုများနှင့် ပေါက်ကွဲမှုများ အတွက် တာဝန်ယူမှု
တစ်ရပ်အနေဖြင့် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း
ရေတပ် အရာရှိချုပ် DK Joshi မှ ပြောကြားခဲ့သည်။ ယမန်နှစ် သြဂုတ်လ
အတွင်းကလည်း ရုရှားနိုင်ငံထုတ် INS Sindhurakshak အမည်ရှိ ရေငုပ်သင်္ဘော
တစ်စင်းသည်လည်း အလားတူ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သင်္ဘောသား (၁၈) ဦး
သေဆုံးခဲ့ရပြီး သင်္ဘောမှာလည်း မွန်ဘိုင်း စစ်သင်္ဘောများ ဆိုက်ကပ်ရာ
သတ်မှတ်ထားသည့် နေရာတွင် နစ်မြှုပ်ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်သည် ၁၉၇၁ ခုနှစ်
စစ်ပွဲ ကာလအတွင်း ပါကစ္စတန် ရေငုပ်သင်္ဘော၏ တိုက်ခိုက်မှုကြောင့်
ပျက်စီးဆုံးရှုံးမှုပြီးနောက် အိန္ဒိယ ရေတပ်အတွက် အကြီးမားဆုံး
ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။ ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ အတွင်းကလည်း INS
Sindhughosh အမည်ရှိ ရေငုပ်သင်္ဘော တစ်စင်းသည်လည်း မွန်ဘိုင်း ဆိပ်ကမ်းသို့
အပြန် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး သင်္ဘောသားများ အသက်ဆုံးရှုံးမှုနှင့်
ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။
mrtv-4
No comments:
Post a Comment