အရှေ့နဲ့အနောက် ပေါင်းဆုံခြင်းလို့ နာမည်ပေးထားတဲ့ ဒီ ဒီဇိုင်းပြပွဲကို
ရှန်ဟိုင်းမြို့မှာ ပြသခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုတံဆိပ်၊
ဒီဇိုင်းတွေအပါအ၀င် ဒီဇိုင်းအမျိုးမျိုး ပါဝင်ပြသခဲ့ပြီး တရုတ်နိုင်ငံ အတွင်းမှာ
အရင်က မပြဖူးတဲ့ ဒီဇိုင်းအမျိုးပေါင်း ၉၀ ကျော်ပါဝင် ပြသခဲ့တယ်လို့လည်း
သိရပါတယ်။
ပြပွဲရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ ရိုးရာပစ္စည်းတွေကို
အနောက်နိုင်ငံရဲ့ နည်းပညာနဲ့ ပေါင်းစပ်ပြီး အသုံးပြုသူတွေကို ကောင်းမွန်တဲ့
ဝန်ဆောင်မှုပေးဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရှန်ဟိုင်းဒီဇိုင်းပြပွဲလို့ခေါ်တဲ့ နိုင်ငံတကာ ဒီဇိုင်းပြပွဲကို
ရှန်ဟိုင်းမြို့မှာ ပထမဦးဆုံး ပြသခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ပြပွဲကို
ရှန်ဟိုင်းအိတ်ဟစ်ဗင်းရှင်းစင်တာမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က
ကျင်းပခဲ့တာဖြစ်ပြီး သုံးရက်ကြာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပြပွဲမှာ
ကမ္ဘာ့အသိအမှတ်ပြု ဒီဇိုင်းအမှတ်တံဆိပ် ၁၅၀ ကျော်ပါဝင်ပြသခဲ့ ပြီး ဒီဇိုင်း
၉၀ ကျော်ကတော့ တရုတ်နိုင်ငံမှာ အရင်က မပြသဖူးတဲ့ ဒီဇိုင်းတွေ ဖြစ်တယ်လို့
သိရပါတယ်။
ပြပွဲကို ခေတ်ပြိုင်ခန်းမကျယ်ဒီဇိုင်း၊ ဂန္တ၀င်ခန်းမကျယ်ဒီဇိုင်း နဲ့
မျိုးစုံရောခန်းမကျယ်ဒီဇိုင်းဆိုပြီး ခွဲခြားပြသခဲ့ပြီး ရှုံးကေ့စ်
ဒီဇိုင်းတွေကိုတော့ ပရိဘောဂ၊မီးတပ်ဆင်မှု၊ သန့်စင်ခန်း၊မီးဖိုချောင်
၊ကြမ်းခင်းနဲ့ နံရံကပ်အမျိုးအစား တွေကိုလည်း ပြသခဲ့တယ်လို့ သိရပါတယ်။
ဒီပြပွဲကို အရှေ့နဲ့အနောက်ပေါင်းဆုံခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြသခဲ့တာ
ဖြစ်တယ်လို့လည်း သိရပါတယ်။ ခင်ကျင်းပြသမှုတွေအပြင် ဒီဇိုင်းအကြောင်း
ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဇိုင်းပြပွဲမှာ
ဒီဇိုင်း ပညာရှင်တွေဟာ နယ်ပယ်မတူတဲ့ အကြောင်းအရာတွေကို အနုပညာနဲ့
ပေါင်းစပ်ဖန် တီးမှုတွေ ကို ပြသခဲ့တယ် လို့လည်း သိရပါသည်။
ref;mrtv-4
No comments:
Post a Comment