တရုတ်နိုင်ငံတွင် အစုလိုက်အပြုံလိုက် ဓားထိုးမှု ဖြစ်ပွား
တရုတ်နိုင်ငံ ၊ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ်၏ မြို့တော် ကွေ့မင် (ကူမင်းမြို့)တွင် အစုလိုက်အပြုံလိုက် ဓားထိုး တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ကွေ့မင်မြို့ ဘူတာရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အနည်းဆုံး လူ၂၉ဦး သေဆုံးခဲ့ပြီး လူ ၁၃၀ ကျော် ဒဏ်ရာရခဲ့ကြာင်း Xinhua သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် အဓိက ပါဝင်သူများမှ Xinjiang ပြည်နယ် ခွဲထွက်ရေး တောင်းဆိုနေသည့် Xinjiang အနောက်ပိုင်းက အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း သိရပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေကြောင်း တရုတ်သမ္မတကြီးမှ ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား တရုတ်သမ္မတကြီး Xi Jinping နှင့် ၀န်ကြီးချုပ် Li Keqiangတို့မှ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
mrtv-4

No comments:
Post a Comment