ဖြုတ်ချခံ သမ္မတ ဗစ်တာယာ နူကိုဗစ်ခ်ျသည် ယူကရိန်း နိုင်ငံ၏ တရားဝင် သမ္မတ ဖြစ်နေဆဲဟု ရုရှားပြောကြား
ယူကရိန်း
နိုင်ငံ၏ ဖြုတ်ချခံ သမ္မတ ဗစ်တာယာ နူကိုဗစ်ခ်ျသည် နိုင်ငံအတွင်း တည်ငြိမ်
အေးချမ်း မှုကို ပြန်လည် ထူထောင်နိုင်ရေး အတွက် ယင်းနိုင်ငံ အတွင်းသို့
တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန် ရုရှား နိုင်ငံ အား တောင်းဆို ခဲ့သည်ဟု
ယူကရိန်း အရေးနှင့် ပတ်သက်၍ အရေးပေါ် ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီ၏ နောက် ဆုံး ဆွေးနွေးပွဲတွင် ရုရှား နိုင်ငံက မတ် ၃ ရက်တွင်
ပြောကြားသည်။
ယူကရိန်း သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား
လွှတ်တော်က သမ္မတ ရာထူးမှ ဖြုတ်ချ ခဲ့သော် လည်း နိုင်ငံ၏ ဖွဲ့စည်းပုံ ဥပဒေများ
အရ ၎င်းသည် နိုင်ငံ၏ တရားဝင် သမ္မတ အဖြစ် ရှိနေ သေးသည်ဟု သိရသည်။
ယာနူကိုဗစ်ခ်ျအား ရာထူးမှ ဖြုတ်ချပြီး
နောက်တွင် ဖွဲ့စည်းခဲ့သည့် အစိုးရ အဖွဲ့သစ်ကို ရုရှားနိုင်ငံ အနေဖြင့်
အသိအမှတ် မပြုကြောင်း၊ ၎င်းတို့သည် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ချိုးဖောက်သူ များသာဖြစ်ကြောင်း ရုရှား ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က
ပြောကြားသည်။
ရုရှားနိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံအား ဖွံ့ဖြိုး တိုးတက်ရေးတွင် ဘက်ပေါင်းစုံမှ ကူညီရန် အဆင်သင့် ရှိသည်ဟု သိရသည်။ ထို့အပြင် ယူကရိန်း နိုင်ငံနှင့် ညီအစ်ကိုချင်း ဆက်ဆံမှု ကိုလည်း ဆက်လက် ထိန်းသိမ်း သွားမည်ဖြစ်သည်။
သို့ရာတွင် ရုရှားနိုင်ငံ အနေဖြင့် သမ္မတ
ယာနူကိုဗစ်ခ်ျကို ဖြုတ်ချကာ အစိုးရ အဖွဲ့သစ် ဖွဲ့စည်းခဲ့သည့် အာဏာပိုင်
အဖွဲ့များနှင့်မူ လက်တွဲ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း မက်ဗီဒက်ဗ်က
ထပ်လောင်း ပြောကြားသည်။
ရုရှားနိုင်ငံသည် ခရိုင်းမီးယား ဒေသ အတွင်းသို့ တပ်ဖွဲ့ဝင် ၁၆ဝဝဝ ခန့် စေလွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment