Tuesday, March 4, 2014

စင်ကာပူ မြို့သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးသော မြို့တော်ဖြစ်လာ

စင်ကာပူ မြို့တော်သည် ၂ဝ၁၄ ခုနှစ်တွင် မြို့တော်ပေါင်း ၁၃၁ မြို့အနက်တွင် ကမ္ဘာပေါ်၌ ဈေးအကြီးဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စီးပွားရေး ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လက်ရှိတွင် စင်ကာပူ နိုင်ငံ၏ ခိုင်မာသော ငွေကြေး၏ တန်ဖိုးသည် တစ်ဟုန် ထိုး မြင့်တက် လျက် ရှိပြီးဝန်ဆောင်မှု စရိတ်များမှာ မြင့်မားလျက် ရှိသောကြောင့် ကမ္ဘာပေါ် တွင် နေထိုင် ရန် ဈေးအကြီးဆုံး မြို့တော်များ စာရင်းတွင် နံပါတ်တစ် နေရာရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ ဈေးအကြီးဆုံး မြို့တော်အဖြစ် သတ်မှတ် ခံရသော တိုကျို မြို့တော်သည် ယခုအခါ နံပါတ်ခြောက် နေရာသို့ ကျဆင်း လာခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ထိပ်ဆုံး ငါးနေရာသို့ ရောက်ရှိလာသည့် မြို့တော်များမှာ စင်ကာပူ မြို့တော် ပြီးနောက်တွင် ပဲရစ်မြို့၊ အော်စလိုမြို့၊ ဇူးရစ်မြို့နှင့် ဆစ်ဒနီ မြို့မှာ အစဉ်လိုက် ရပ်တည်လျက် ရှိသည်။ ၂ဝ၁၄ ခုနှစ်၏ ကမ္ဘာ့ ဈေးအကြီးဆုံး မြို့တော် စာရင်း၏ ထိပ်ဆုံး ၁ဝ နေရာတွင် ဥရောပ မြို့တော်များနှင့် အတူ အာရှနှင့် သြစတြေးလျ မြို့များစွာ ပါဝင်သည်ဟု အဆိုပါ အဖွဲ့ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top