Tuesday, March 4, 2014

ယူကရိန်း ပဋိပက္ခကြောင့် ရွှေနှင့် ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်

ယူကရိန်း နိုင်ငံတွင်းသို့ ရုရှား တပ်ဖွဲ့ဝင်များ စေလွှတ် ခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းနှစ်နိုင်ငံ အကြား နိုင်ငံရေး တင်းမာမှုများ မြင့်တက် နေချိန်တွင် ရွှေဈေးမှာ လေးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ သွားခဲ့သည်ဟု သိရသည်။

ယူကရိန်း နိုင်ငံတွင်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ် ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံ ပေါ်တွင် အနောက် နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်နိုင်ဖွယ် ရှိခြင်းနှင့် အခြေအနေ ပိုမိုဆိုးရွား လာခဲ့ပါက ရုရှား နိုင်ငံ ၏ ရေနံပို့ကုန် များကို ပိတ်ပင် တားဆီးမှု ကြုံတွေ့ ရနိုင်သည်ဟူသော စိုးရိမ် ပူပန် မှုကြောင့် ရွှေဈေးနှုန်း မြင့်တက် သွားသကဲ့သို့ ရေနံစိမ်း ဈေးနှုန်းမှာလည်း သိသိသာသာ မြင့်တက် လာခဲ့သည်။ ရွှေဈေးနှုန်းမှာ မတ် ၃ ရက်တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၅ဝ ဒသမ ၃ အထိ မြင့်တက်သွားခဲ့ပြီး ၎င်းပမာဏမှာ ယခင် ဈေးနှုန်း၏ ၂ ဒသမ ၂ ရာခိုင်နှုန်း အထိ မြင့်တက်သွား ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာမှ စ၍ အမြင့်ဆုံး ပမာဏ အထိ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကုန်သည်ကြီး များသည် နိုင်ငံရေး သို့မဟုတ် ဘဏ္ဍာရေး ဆိုင်ရာ ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် လုံခြုံ စိတ်ချရမှု အရှိဆုံး ရင်းနှီး မြှုပ်နှံမှုမှာ ရွှေဖြစ်သည်ဟု ယူဆ ထားကြသည်။


 

No comments:

Post a Comment

back to top