မြန်မာနိုင်ငံ၌ပထမဆုံးသော Polytechnic University မျိုးဖွင့်နိုင်ရန် တောင်ကိုရီးယားမှ ဆောင် ရွက်ပေးမည်
မြန်မာနိုင်ငံ၏
ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်သည့် တက္ကသိုလ်များ ပြန်လည်
ပေါင်းစည်းရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ အတွေ့အကြုံများကို ရယူနိုင်ရန်အတွက် ယူနက်စကို အဖွဲ့ အစည်းနှင့် တွေ့ ဆုံ၍ နိုင်ငံတကာမှ အတွေ့အကြုံ များကို
ရယူသည့် အခမ်းအနားကို ရန်ကုန် တက္က သိုလ် စိန်ရတုခန်းမ၌
ကျင်းပခဲ့သည်။
ယင်းတွေ့ဆုံ
ဆွေးနွေးပွဲ၌ တောင်ကိုရီးယား နိုင်ငံ၌ ဖွင့်လှစ်ထားသည့်
Polytechnic University ကဲ့သို့သော တက္ကသိုလ်ကို မြန်မာနိုင်ငံတွင်
ပထမဆုံး ဖွင့်နိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ဌာနများ လက်အောက်တွင်
ရှိနေသော တက္ကသိုလ်များကို လွတ်လပ်စွာ ရပ်တည်
နိုင်ရေးနှင့် အသက်မွေး ပညာရပ် ဆိုင်ရာ မေဂျာများ သင်ကြား ပို့ချသော တက္ကသိုလ်များ
ပေါ်ပေါက် လာနိုင်ရေးတို့ အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
''ဆရာတို့
မြန်မာနိုင်ငံမှာ အရင်က မရှိတဲ့ တက္ကသိုလ်မျိုးကို ဖွင့်နိုင်ဖို့အတွက်
တောင်ကိုရီးယား နိုင်ငံနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။
အခုဆိုရင် ပထမအဆင့် အနေနဲ့ လုပ်ငန်းပိုင်း ဆောင်ရွက်ဖို့ လိုအပ်မှုတွေ အတွက်တော့
သဘောတူ လက်မှတ် ထိုးပြီးပါပြီ။ နောက်ဒုတိယ အဆင့် အနေနဲ့ (MOU) ရေးထိုးသွားမှာပါ။
အသေးစိတ်ကတော့ ဆက်လက် ညှိနှိုင်း ဆွေးနွေးနေဆဲပါ။ အဓိကကတော့ လွတ်လပ်တဲ့
တက္ကသိုလ်တွေ ဖြစ် လာရင် ဒါကိုဘယ်လို စီမံခန့်ခွဲမလဲဆိုတာ သူတို့ဆီကနေ
အများကြီး ရလာမှာပါ'' ဟု သိပံ္ပနည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာ ဦးကိုကိုဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ၏
ပညာရေး ပြုပြင် ပြောင်းလဲရေးများနှင့် ပတ်သက်၍ ယူနက်စကို
Higher Education Specialist များမှလည်း မြန်မာနိုင်ငံအနေဖြင့် အဆင့်မြင့်
ပညာရေး ပြုပြင် ပြောင်း လဲရေး ကို ပြုလုပ် သွားရာတွင် မြန်ဆန်နေမှုကြောင့် ဟာကွက်များ
ပေါ်ပေါက်လာနိုင်ကြောင်း၊ သို့သော် ယခုကဲ့သို့ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့်
တွေ့ဆုံ၍ အကြံပေးမှုများ ရယူခြင်း၊ ဆွေးနွေး ပွဲများ ပြုလုပ်ခြင်းတို့ကြောင့်
လမ်းမှန်ပေါ်သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်းကိုလည်း သုံးသပ် ဆွေးနွေး ခဲ့ကြသည်။
နိုင်ငံတကာမှ
အကြံပြုချက်များကို ရယူပြီးလျှင် ဝန်ကြီးဌာန အနေဖြင့် အမျိုးသား အဆင့်
ပညာရေး ဆွေးနွေး ပွဲကြီးကို လာမည့် မတ်လအတွင်း တွင် ပြုလုပ်သွားရန် ရှိပြီး ထိုမှ
တစ်ဆင့် အမျိုးသား ပညာရေး ဥပဒေကြမ်းကို တင်သွင်းသွားမည် ဖြစ်ပြီး တက္ကသိုလ်များ ပေါင်းစည်း
ညှိနှိုင်းရေး ကော် မတီကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း
သိရသည်။
Ref.မြ၀တီ
No comments:
Post a Comment