Friday, March 28, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေါးပတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဌေးဦးသည် ၂၀၁၄ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့ နံနက် (၈) နာရီ(၁၅) မိနစ် အချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လူအေး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုးဟံလင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလျယ် ဦးအောင်ကျော်စိန်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ပညာရေးဝန်ကြီး ဒေါ်ခင်စောမူ၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် အလုပ်အမှုဆောင်များ ပုသိမ်ခရိုင်၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များနှင့်အတူ ပုသိမ် မြို့၊ တဂေါင်းမင်္ဂလာ မဟာစေတီတော်သို့ ရောက်ရှိပြီး  ဘုရားကြီးအား ဖူးမြော်ကြည်ညိုသည်။


၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦဌေးဦးနှင့်အဖွဲ့သည် နံနက်(၈) နာရီ(၃၀) မိနစ်အချိန်တွင် အဘယသီဝံတိုက်သစ်ကျောင်း၌ ပြုလုပ်သော အလှူရှင် ဦးမြသန်း၊ ဒေါ်ဟိုက်ဝေးတို့၏(၃၂)ကြိမ်မြောက် သိက္ခာထပ်၊ ရဟန်းခံရှင်ပြအလှူ တော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top