ကမ္ဘာ့ဘဏ်က ယူကရိန်းအား ကန်ဒေါ်လာ ၁၈ ဘီလီယံခန့်ချေးရန် သဘောတူ
ယူကရိန်းနိုင်ငံအတွက်
ကန်ဒေါ်လာ ၁၄ ဘီလီယံမှ ၁၈ ဘီလီယံခန့်အထိ ချေးငွေပေးအပ်သွားရန် ကမ္ဘာ့ဘဏ်က သဘောတူညီခဲ့ပြီး
ယင်းသဘောတူညီချက်အရ နှစ်နှစ်အတွင်း စုစုပေါင်းချေးငွေ ကန်ဒေါ်လာ ၂၇ သန်း ပေးအပ်သွားရန်
စီစဉ်ထားသည်။ ယူကရိန်းနိုင်ငံတွင် သမ္မတ ယာနူကိုဗစ်ခ်ျ အစိုးရကို ပြုတ်ကျစေခဲ့သည့် လပေါင်းများစွာကြာမြင့်သော
အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများအပြီး ယခုနှစ်အတွင်းတင်ရှိလာသည့် ယူကရိန်းနိုင်ငံ ၏ ကြွေးမြီများကို
ပြန်လည်ပေးဆပ်နိုင်ရန် ကမ္ဘာ့ဘဏ်နှင့် ယခုကဲ့သို့ သဘောတူညီချက် ရယူခဲ့ခြင်းဖြစ်သည်။
ချေးငွေပေးအပ်ရေးအစီအစဉ်အတွက်
ယူကရိန်း၏ လက်ရှိစီးပွားရေး အခြေအနေကို အကဲဖြတ်ဆန်းစစ်မှု များအား ယခုလ ၄ ရက်မှ ၂၅ ရက်အထိ
မြို့တော်ကိဗ်တွင် ကမ္ဘာ့ဏ်၏ မစ်ရှင်အဖွဲ့က ဆောင်ရွက် ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ နှစ်နှစ်တာထောက်ပံ့ကူညီမည့်
စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ယူကရိန်းအစိုးရ တာဝန်ရှိသူများက လုပ်ဆောင်သွားမည်ဟု
သဘောတူညီခဲ့သည်။
No comments:
Post a Comment