ပရီးမီးယားလိဂ်မှ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ " တောရက်စ် " နဲ့ " မာတာ " တို့ဟာ အီတလီအသင်းနဲ့ ခြေစမ်းမယ့် စပိန်အသင်းရဲ့လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းဟာ
မတ်လ ၅ ရက်နေ့မှာ အီတလီလက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး နည်းပြ
" ဒယ်ဘော့စကေး " က " တောရက်စ် " နဲ့ " မာတာ
" တို့ကို အသင်းလူစာရင်းမှ ချန်လှပ်ခဲု့ခြင်းဖြစ်သည်။
" မာတာ "ဟာ ယခုနှစ်
ဇန်န၀ါရီလ အပြောင်းအရွှေ့ ကာလမှာ မန်ချက်စတာယူနိုက်တက် အသင်းကို
ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး စပိန်လက်ရွေး စင်အသင်းမှာ (၃၂)ပွဲ ပါဝင်ကစားကာ
(၉)ဂိုးသွင်းယူထားခြင်းဖြစ်သည်။
ဒ့ါအပြင် ၂၀၁၀ ကမ္ဘာ့ဖလားနဲ့
ယူရို ၂၀၁၂ ပြိုင်ပွဲတို့မှာ စပိန်အသင်းလူစာရင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယူရို
၂၀၁၂ ဗိုလ်လုပွဲမှာလည်း စပိန်အသင်းအတွက် တစ်ဂိုးသွင်းယူ ပေးခဲ့ပါတယ်။
" တောရက်စ် " ဟာလည်း ယခုနှစ်ရာသီ ချဲလ်ဆီးအသင်းမှာ
ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူတစ်ဦးဖြစ်ပြီး စပိန်အသင်းနဲ့အတူ ယူရို ၂၀၀၈
ပြိုင်ပွဲနဲ့ ၂၀၁၂ ပြိုင်ပွဲအပြင် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း
အသင်းလူစားရင်းမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။
ဒါ့အပြင် ယူရို ၂၀၀၈ နဲ့ ၂၀၁၂
ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွေမှာ စပိန် အသင်းဗိုလ်စွဲအောင် အနိုင်ဂိုးများ
သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ နည်းပြ " ဒယ်ဘော့စကေး " က "
တောရက်စ် " နဲ့ " မာတာ " တို့ဟာ အီတလီနဲ့ခြေစမ်းပွဲမှာ
ချန်လှပ်ခံခဲ့ရပေမယ့် ၂၀၁၄ ကမ္ဘာ့ဖလား မှာ ပါဝင်လာနိုင်ပါတယ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းဟာ " တောရက်စ်
" နဲ့ " မာတာ " ကို ချန်လှပ်ခဲ့ပေမယ့် အခြားပရီးမီးယားလိဂ်
အခြေစိုက် ကစားသမားတွေဖြစ်တဲ့ " အယ်ဇ်ပီလီကွယ်တာ " ၊ "
ကာဇိုလာ " ၊ " နက်ဗတ် " ၊ " ဆေးလ်ဗား " နဲ့
" နီဂရီဒို " တို့ကို ရွေးချယ်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်
အသင်းမှ ဘရားဇီးနွယ်ဖွား တိုက်စစ်မှူး " ဒီယေဂိုကော်စတာ " ကိုလည်း ရွေးချယ်ခဲ့ကြောင်း
သတင်း ရရှိပါသည်။
Ref:mrtv-4
No comments:
Post a Comment