Monday, March 3, 2014

 နိုင်ငံရေးဦးဆောင်မှု သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် The Sun Institute တို့ပူးပေါင်းဖွင့်လှစ်သော နိုင်ငံရေး ဦးဆောင်မှု သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၈) ရက် နေ့လည် (၃း၃၀) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်၊ သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းသား/ သူ (၁၀၄) ဦးတို့ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွ္ပဲ၌ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းမှ သင်တန်းဆင်း အမှာ စကားပြောကြားရာတွင် သင်တန်း ကိုယ်စားလှယ် တင်ပြချက်အတိုင်း မိမိတို့ ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ပြုပြင်ရမှာ ဖြစ်ကြောင်း၊ ပါတီ၏အောင်မြင်မှုရရှိရေးအတွက် ကြိုးစားဖို့လိုကြောင်း၊ မိမိပြည်သူ အကျိုး စီးပွား ဦးဆောင်နိုင်သူများဖြစ်ရန် လိုအပ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်မြင်မှုကို မျှော်လင့်ကြောင်း ပါတီဝင်ထုများ အနေဖြင့် ပါတီ၏ သမိုင်းကြောင်း အစဉ်အလာကောင်းများကို သိထား အပ်ကြောင်း၊ အောင်နိုင်ရေးသည်လည်း အဓိကကျကြောင်း၊ အောင်နိုင်သူ သည် ဝေဖန် အပုတ်ချခံရပြီး ရှုံးနိမ့်သူသည် အဖိနှိပ် ခံရစမြဲဖြစ်ကြောင်း၊ မိမိ တို့ပါတီအနေဖြင့် ဝေဖန်မှုများစွာ ခံခဲ့ရ ကြောင်း၊ ပါတီရှိနေ၍သာ တည်ငြိမ်အေးချမ်းနေသည်ဆိုခြင်းကို လူတိုင်းသိဖို့ လိုအပ်ကြောင်းနှင့် နိုင်ငံနှင့် ပြည်သူ့အကျိုး ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့ ပါတီ၏ ရည်မှန်းချက်ကို ဖော်ဆောင်နိုင် မည် ဖြစ်ကြောင်း ဆွေးနွေး ပြော ကြားခဲ့သည်။
သင်တန်းဆင်းပွဲတွင် သင်တန်းသားများကိုယ်စား မကွေးတိုင်းဒေသကြီး၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်မှ သင်တန်းဆင်း လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။

ပြည်ခိုင်ဖြိုး's photo.

ပြည်ခိုင်ဖြိုး's photo.


No comments:

Post a Comment

back to top