အလုပ်သမားများ ကိုင်ဆောင် အသုံးပြုနေသော ယာယီပတ်စ်ပို့ အစား မြန်မာအစိုးရက ပုံမှန် ပတ်စ်ပို့ပြုလုပ်စေခြင်းသည် ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမား များအတွက် အခက်အခဲ များစွာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ရာ ထိုင်း နိုင်ငံရောက်မြန်မာအလုပ်သမား များနှင့် ဖွဲ့စည်းထားသော ရွှေ့ ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အနေဖြင့် အလုပ်သမား များ၏ အကျိုးစီးပွား ကာကွယ်ပေး နိုင်ရန်အတွက် ထိုင်းနိုင်ငံနှင့်မြန်မာ အစိုးရများထံသို့ အချက်ငါး ချက် တောင်းဆိုကြောင်း ထုတ်ပြန်ချက် ကို ယနေ့တွင်ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင်ပါရှိသော အချက်ငါးချက်မှာ လေးနှစ်ဗီဇာ သက်တမ်းကုန်သူများကို ပုံမှန် ပတ်စ်ပို့ထုတ်ပေးခြင်းမပြုဘဲ မူလ ကိုင်ဆောင်ထားသည့်ယာယီပတ်စ် ပို့ကိုသာလုံလောက်သောသက်တမ်း တိုးပေးရန်၊ အလုပ်ရှင်နှင့်အလုပ် သမားများကိုယ်တိုင် ပြုလုပ်နိုင် သော လွယ်ကူရှင်းလင်းသော လုပ် ငန်းစဉ်များချမှတ်ပြီး လုပ်ငန်းစဉ် အဆင့်တိုင်း၌လည်း ကြာမြင့်မည့် အချိန်ျွှသမုငညီါပေ သတ်မှတ် ထုတ်ပြန်ပေးရန်၊ အများပြည်သူ ကျယ်ပြန့်စွာ သိရှိရေးအတွက် သတင်းထုတ်ပြန်မှုများ တိကျသေ ချာစွာပြုလုပ်ပေးရန်၊ ဗီဇာသက် တမ်းတိုးခြင်းကို နယ်စပ်စခန်းများ တွင်သာမက ယခင်ကဲ့သို့ ထိုင်း နိုင်ငံ အတွင်းပိုင်းများတွင်လည်း စခန်းများဖွင့်လှစ်ဆောင်ရွက်ပေးရန်၊နှစ်နိုင်ငံအစိုးရ၏လုပ်ငန်းဆောင် ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာ သက်တမ်းမဆက်နိုင်ဘဲသက်တမ်း လွန်ဖြစ်သွားသော အလုပ်သမား များကို ဒဏ်ကြေးတပ်ခြင်းမှ ကင်း လွတ်ခွင့်ပေးရန်နှင့် မြန်မာနိုင်ငံ သား အလုပ်သမားများကို အိမ်ပြန် စရိတ်ရန်ပုံငွေကောက်ခံမည့် အစီ အစဉ်ပယ်ဖျက်ပေးရန်အတွက်မြန်မာ အစိုးရအဖွဲ့အနေဖြင့် ထိုင်းအစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။
No comments:
Post a Comment