Wednesday, February 12, 2014


ဂျပန်နိုင်ငံဂျန်ကိုအသင်းလူငယ်များနေပြည်တော်သို့လေ့လာရေးခရီးလာရောက်

ဂျပန်နိုင်ငံ ဂျန်ကိုအသင်းမှ ဥက္ကဋ္ဌ Mr.Matsuoka Yoshiki ဦးဆောင်သော လူငယ်အဖွဲ့ဝင် ၁၄ ဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လေ့လာရေးခရီး ရောက်ရှိကြရာ ဗဟိုကော်မတီဝင် ဦးတင့်ဇော်၊ ပါတီဌာနချုပ်မှူး ဦးအောင်နိုင်ထွန်း၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ တာဝန်ရှိသူ  များနှင့် ပါတီဝင်လူငယ်မောင်မယ် များက ကြိုဆိုနှုတ်ဆက်ခဲ့ကြ သည်။

ယနေ့နံနက်၈နာရီတွင်လေ့လာ ရေးအဖွဲ့နှင့်တွေ့ဆုံရာ၌ ဗဟို ကော်မတီဝင်ဦးတင့်ဇော်က လူငယ် များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေး ဆွေးနွေး ပြောကြားပြီး ဂျန်ကိုအသင်းဥက္ကဋ္ဌ က လက်ရှိဆောင်ရွက်နေမှုအခြေ အနေများနှင့် ခရီးစဉ်တစ်လျှောက် ကူညီပေးမှုများအတွက် အထူး ကျေးဇူးတင်ရှိကြောင်း
ပြန်လည် ပြောကြားသည်။

ထို့နောက် ဂျန်ကိုအသင်းမှ ဥက္ကဋ္ဌ Mr.Matsuoka Yoshiki ဦးဆောင်သော လူငယ်အဖွဲ့ဝင် ၁၄ ဦးသည်ပြည်သူ့လွှတ်တော်အစည်း အဝေးကျင်းပနေပုံနှင့် လွှတ်တော် အတွင်းရှိ အဆောက်အအုံများကို လေ့လာကြည့်ရှုကြပြီး နေ့လယ် ပိုင်းတွင်ပါတီဌာနချုပ်ပြည်ထောင်စု ခန်းမဆောင်၌ ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင် တိုင်းရင်းသား လူငယ်မောင်မယ် များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးစွာတေးသီချင်းများ အပြန်အလှန်သီဆိုဧည့်ခံကြသည်။ ညနေပိုင်းတွင် ဥပ္ပာတသန္တိစေတီ တော်မြတ်ကြီးသို့ သွားရောက်ဖူး မြော်ကြပြီး နေပြည်တော်ရေပန်း ဥယျာဉ်သို့ သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။
 ဂျန်ကိုအသင်းမှ ဥက္ကဋ္ဌ Mr.Matsuoka Yoshikiနှင့် ဗဟိုကော်မတီဝင် ဦးတင့်ဇော်

No comments:

Post a Comment

back to top