ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး
မြင်းခြံခရိုင် ကျောက်ပန်းတောင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ် စားလှယ် ဦးဌေးဦး သည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်၊ ကျောက်ပန်းတောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြို့နယ် ဆောက်လုပ်ရေးအင်ဂျင် နီယာမှူးဦးမြင့်လွင်၊ ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်များ၊ မြင်းခြံ ခရိုင် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင် များ၊ ကျောက်ပန်းတောင်းမြို့ နယ် ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်များနှင့်အတူ ဖေဖော်ဝါရီ ၁၆ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပုပ္ပါးတောင် ကလပ်၊ ဝေဘူလရွှေဂူချောင်လမ်း မိုင်(၁၇/၇-၁၈/ဝ) မြေပြိုသည့် နေရာကိုပြန်လည်ပြုပြင် တည် ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီးဂေါပကအ ဖွဲ့နှင့် မြို့မိမြို့ဖများအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားအထူး အဖွဲ့ (၄)မှ ဒုတိယအင်ဂျင်နီယာ မှူးကြီးဦးဝင်းမင်းထွဋ်က မြေထိန်း နံရံ တည်ဆောက်ရန် Bored Pile များ ဆောင်ရွက်နေမှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့နှင့် ဂေါပက ဥက္ကဋ္ဌ ဦးကံလှက မြေပြိုမှုအခြေအနေတို့ ကို ရှင်းလင်းပြောကြားသည်။
မိမိအနေဖြင့် ယခင်အစိုးရ အဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကပင် ယခု ပုပ္ပါးတောင်ကလပ် ဝေဘူလရွှေဂူ ချောင် မြေပြိုသဖြင့် စေတနာရှင် များနှင့် ဌာနမှပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း၊ ယခုလည်းဆောင်ရွက် ရန်လိုအပ်သည်များကို အစိုးရအဖွဲ့ သို့ တင်ပြခဲ့သဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာနှင့်စေတနာရှင်များ ပူးပေါင်းဆောင်ရွက်ရေး ဦးဌေးဦး ကဆွေးနွေးမှာကြားခဲ့ပြီးရွှေဂူ ချောင်ကျောင်းတိုက်ဦးစီးနာယက ပုပ္ပါးတောင်ကလပ်ပဓါနနာယက ဆရာတော် ဦးသောဘဏအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းဖူးမြော်ကြည်ညိုခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်
ပြည်သူ့ လွှတ် တော်ကိုယ် စားလှယ် ဦးဌေးဦး
No comments:
Post a Comment