Tuesday, February 11, 2014

တနင်္သာရီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူးး၍ ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်း ဖော်ဆောင်ရေးသင်တန်း ဖွင့်လှစ်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို မြိတ်မြို့ ချောင်းကူးငယ်ရပ်ကွက်ရှိ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေး ခန်းမတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၇၁) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ (၂) ပတ်ကြာမြင့်မည် ဖြစ်ကာ သင်တန်း နည်းပြများ အဖြစ် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ သင်တန်း နည်းပြများက ပို့ချပြီး သင်တန်းတွင် ပြည်သူ့ရေးရာ မူဝါဒ၊ ခေါင်းဆောင်မှုပညာ၊ အုပ်ချုပ်မှု စနစ်အမျိုးမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူထု စကားပြောနည်း၊ အာဆီယံ၊ နိုင်ငံရေး ဘောဂဗေဒ၊ လူမှုဆက်ဆံရေး၊ စည်းရုံးရေး၊ စီမံခန့်ခွဲရေး၊ သတင်းနှင့် မီဒီယာ ဘာသာ ရပ်များအား ဆွေးနွေး ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ 
တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကို အမှာစကားပြောကြားစဉ်
ထိုသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ (၀န်ကြီးချုပ်) ဦးမြတ်ကိုနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြိတ်ခရိုင်အတွင်းရှိ ခရိုင်မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၁၂၀) ဦး တက်ရောက်ကြောင်း သတင်းရရှိ ပါသည်။

No comments:

Post a Comment

back to top