နည်းပါးနေသလို အဲဒီကျောင်းတွေမှာရှိတဲ့ ကလေးတွေရဲ့ပညာရေးကို
သင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေရဲ့ အရေအတွက်ကလည်း နည်းပါးလျက်ရှိပါတယ်။
ဒီကျောင်းမှာ စာသင်မယ့်ဆရာ၊ဆရာမ အများစုဟာပညာအရည်အချင်းအနေနဲ့
ဘွဲ့တစ်ခုရရှိထားရမှာဖြစ်သလို၊
အိမ်ထောင်မရှိသူဖြစ်ရမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင်လစာနည်းပါးမူ၊
စားဝတ်နေရေးအဆင်မပြေမူ၊စတဲ့ အကြောင်းအရင်းတွေကြောင့်
ဒီလိုနားမကြားကလေးတွေကို ပညာသင်ကြားပေးနိုင်မဲ့ ဆရာ၊ဆရာမအရေအတွက်
နည်းပါးနေသေးတယ်လို့သိရပါတယ်။လက်ရှိရန်ကုန်မှာရှိတဲ့ Mary Chapman
ကျောင်းဟာ နားမကြားကလေးတွေစာသင်ကြားနိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့
သင်တန်းကျောင်း ၁ ခုဖြစ်ပါတယ်။
ေ
ဒ်ါလေးလေးထူးဟာဆိုရင် Mary Chapman နားမကြားသင်တန်းကျောင်းမှာ ဆရာမအဖြစ်
တာဝန် ထမ်း ဆောင်နေတာဟာ အခုဆိုရင် ၁၂ ခန့်ရှိ နေပြီ ဖြစ်ပါတယ်။ သူမအနေနဲ့
လက်ရှိမှာ၆တန်းကလေးများကို စာသင်ကြားပေးနေတာလည်းဖြစ်ပါတယ်။
သူမအနေနဲ့ တစ်နေ့ကိုစာသင်ချိန် ၃ နာရီသင်ကြားရပြီး အင်္ဂလိပ်နဲ့
သင်္ချာဘာသာရပ်ကို အဓိကသင်ကြားပေးရတာဖြစ်ပါတယ်။ ဒီိလိုစာသင်ကြားရတဲ့အခါမှာ
လက်ဟန်၊ခြေဟန်တွေကိုအသုံးပြုပြီး နားမကြားကလေးတွေနားလည်လာဖို့
သင်ကြားရတာဖြစ်တဲ့အတွက် သာမာန်ကလေးတွေကို သင်ကြားရတာထက်ပိုပင်ပန်းပြီး
အခက်အခဲတွေလည်းရှိတယ်လို့သိရပါတယ်။ ဒီလိုသင်ကြားပေးရပေမယ့်လည်း
ဒေါ်လေးလေးထူးတို့လို ဆရာ/ဆရာမတွေရဲ့ အခြေခံလစာကတော့ ၅၅၀၀
ပဲရရှိတယ်လို့သိရပါတယ်။
ဒီလိုဆရာ/ဆရာမတွေရဲလစာရရှိမှုနည်းပါးတဲ့အတွက် ကျောင်းအနေနဲ့
ပြင်ပရှားပါးစရိတ်အဖြစ် သီးသန့်ကျပ် ၅၀၀၀၀
ထပ်မံထောက်ပံ့ပေးတယ်လို့သိရပါတယ်။ ဒါပေမယ့်လည်းကျောင်းရဲ့
အမြင့်ဆုံးဝန်ထမ်းဖြစ်တဲ့ ကျောင်းအုပ် ဆရာမကြီးတစ်ဦးရဲ့ လစာငွေဟာ
အခြေခံလစာ ၇၅၀၀ကျပ် အပါအ၀င်စုစုပေါင်းဝင်ငွေဟာ ကျပ်ငါးသောင်းကျော်သာ
ရရှိတယ်လို့သိရပါတယ်။
No comments:
Post a Comment