Monday, February 10, 2014

အမေရိကန် ရေပြင်ပိုင်နက် အနီးထိ တိုးမြှင့် တပ်ချခဲ့သည့် အီရန် ရေတပ်မတော်

အီရန်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် ပါရှန်း ပင်လယ်ကွေ့ အနီးတွင် သာမန်ထက်ပို၍ အမေရိကန် ရေတပ်သင်္ဘောများ တပ်ဖြန့်ချထားခဲ့ခြင်းအား တန်ပြန်သည့်အနေဖြင့်
အီရန် နိုင်ငံပိုင် ဖျက်သင်္ဘောတစ်စင်းနှင့် ရဟတ်ယာဉ်တင် ထောက်ပံ့ရေး သင်္ဘောတစ်စင်းအား အမေရိကန် ရေပြင်ပိုင်နယ် နယ်စပ်များတွင် တပ်ဖြန့်ချထားရန် ရေတပ် ဗိုလ်ချုပ်ကြီး Afshin Rezayee Haddad မှ အမိန့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အီရန် ရေတပ်မတော် အုပ်စုသည် တောင်အာဖရိကနိုင်ငံ ရေပိုင်နက်ကို ဖြတ်ပြီး အတ္တလန်တိတ် သမုဒ္ဒရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း  အီရန် မြောက်ပိုင်း ရေတပ်ဖွဲ့ တပ်ချုပ်မှူး Haddad မှ အတည်ပြု ပြောကြားခဲ့သည်။
Ref;mrtv-4

No comments:

Post a Comment

back to top