ကနေဒါနိုင်ငံမှ စာရေးဆရာတစ်ဦးမှ ဦးသန့်ရဲ့ ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်ခဲ့ခြင်း ဟောပြောပွဲ အခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့က
ပန်းဝါလမ်းရှိ U Thant House မှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ကနေဒါမှ စာရေးဆရာတစ်ဦးမှ ဦးသန့်ရဲ့ အရင်က
လုပ်ဆောင်ချက်တွေမှာ ဘာတွေအောင်မြင်ခဲ့လဲ၊ ဘယ်လို အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး U
Thant House မှာ ငြိမ်းချမ်းရေးအတွက် ဟောပြော ဆောင်ရွက်မှုတွေအပြင်
အိမ်ကိုလည်း ဆက်လက်ပြီး ပြုပြင် ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့
သိရပါတယ်
No comments:
Post a Comment