Monday, February 10, 2014

ကစားသမား ဘ၀အကောင်းမြင်ဆုံးအချိန်ရောက်ပြီဟု ပြောကြားခဲ့သည့် " မက်ဆီ "

ဘာစီလိုနာနဲ့ အာဂျင်တီးနား တိုက်စစ်မှူး " မက်ဆီ " ဟာ ယခုနှစ်ရာသီ လာလီဂါချန်ပီယံဆုနဲ့  ၂၀၁၄ ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ဖို့ စိတ်အားထက်သန်နေကြောင်း
သတင်းရရှိပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိ  " မက်ဆီ "ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဒဏ်ရာမှ ပြန်လည်သက်သာ လာပြီး ဘာစီလိုနာ အသင်းအတွက် ပြန်လည်ပွဲထွက် နိုင်ခဲ့တာဖြစ်ပါတယ်။  မက်ဆီက ပြောကြား ရာမှာတော့ " ကျွန်တော့်မှာ အချိန်အကြာကြီး ဘောလုံးကစားဖို့ ကြံ့ခိုင်မှု ကောင်းမွန်သလို ယုံကြည်မှုလည်း အပြည့်ရှိပါတယ်၊
 
ကျွန်တော်ရဲ့ လက်ရှိပုံစံကိုလည်း အားရမှု အပြည့်ရှိပြီး ဘာစီလိုနာနဲ့ အာဂျင်တီးနား အသင်းအတွက် ပေးဆပ်ဖို့ အသင့်ရှိပါတယ်။ လက်ရှိအာဂျင်တီးနား အသင်းသားများဟာ မိခင်အသင်းအတွက် အစွမ်းကုန်ပေးဆပ်ဖို့ အသင့်ရှိတာကြောင့်  ၂၀၁၄  ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းအောင်မြင်ဖို့ ယုံကြည်ပါတယ် " ဟု ပြောကြားခဲ့ပါတယ်။  " မက်ဆီ " ဟာ အာဂျင်တီးနားနဲ့အတူ အောင်မြင်မှု မရရှိဖူးတာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားမှာ အောင်မြင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှ ဘာစီလိုနာ အသင်းဟာ စပိန်ဘုရင့် ဖလားဆီးမီးဖိုင်နယ် ပထမအကျော့မှာ ဆိုဒီဒတ်အသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံရဖွယ်ရှိနေပါတယ်။
 
လက်ရှိလာလီဂါအမှတ်ပေး ဇယားမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နောက်ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ် ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင့် အဆင့်မှာလည်း အင်္ဂလန်နာမည်ကြီး ကလပ် မန်ချက်စတာ စီးတီးအသင်းနဲ့ တွေ့ဆုံနေရတာဖြစ်ပါတယ်။  " မက်ဆီ " ဟာ ရာသီအစက ဒူးဒဏ်ရာကြောင့်  ၃ ပတ်ခန့် အနားယူခဲ့ရသလို ဒူးအရွတ် ဒဏ်ရာကြောင့်လည်း  ၂ လခန့် အနားယူခဲ့ရပါတယ်။  " မက်ဆီ "ဟာ ယခုနှစ်ရာသီမှာ ပြဿနာများကြောင့်  ၁၅ ပွဲသာ ပွဲထွက် ကစားခဲ့ပြီး  ၉ ဂိုးသာ သွင်းယူထားနိုင်ကြောင်း သတင်းရရှိပါသည်။
Ref;mrtv-4

No comments:

Post a Comment

back to top