Wednesday, December 10, 2014

ရီးရဲလ်၏ ဥရောပပြိုင်ဘက်မှာ ဘာကာမဟုတ်ဘဲ ဘိုင်ယန်နှင့် အက်သလက်တီကို ဖြစ်ဟု ကာဆီးလက်စ် ပြော

ဘာစီလိုနာအသင်းသည် စပိန်လာလီဂါ၌သာ အန္တရာယ်ပေးနိုင်သော အသင်းဖြစ်ပြီး ယခုနှစ် ချန်ပီယံလိဂ်တွင် ရီးရဲလ်အသင်း၏ အဓိကပြိုင်ဘက်များမှာ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ဖြစ်ကြောင်း ဂိုးသမား ကာဆီးလက်စ်က ပြောသည်။
နည်းပြအန်ဆယ်လော့တီ၏ ရီးရဲလ်အသင်းမှာ စပိန်လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်တွင် လူဒိုဂိုရက်ဇ်အသင်းနှင့် အုပ်စုနောက်ဆုံးအိမ် ကွင်းပွဲမကစားမီ အုပ်စု၌ ငါးပွဲလုံး အနိုင်ရရှိထားကာ ချန်ပီယံလိဂ် သရဖူကို ကာကွယ်ရန် အလားအလာ ကောင်းနေသည်။
လာလီဂါဖလားရရှိရေး ကြိုးစားရာတွင် လက်ရှိချန်ပီယံ အက်သလက်တီကို၊ ပြီးခဲ့သည့်ရာသီက ဒုတိယနေရာ၌ ရပ်တည်ခဲ့သည့် ဘာကာနှင့် မိမိတို့အသင်းတို့ အဓိကယှဉ်ပြိုင်ရမည်ဟု ရီးရဲလ်ဂိုးသမား ကာဆီးလက်စ်က ပြောသည်။ ထို့အပြင် ၎င်းသည် ယူရို ၂၀၁၆ စပိန်အသင်းတွင် ပါဝင်ခွင့်ရမည်ဟု မျှော်လင့် ထားကြောင်း ပြောသည်။

No comments:

Post a Comment

back to top