Wednesday, December 3, 2014

တစ်ကိုယ်တော်ဖျော်ဖြေပွဲ Dream World Concert 2014 ကို အထူးခြားဆုံး တင်ဆက်သွားမယ်လို့ဆိုတဲ့ ဘန်နီးဖြိုး


ဘန်နီဖြိုးဟာ တစ်ကိုယ်တော်ခွေ နှစ်ခွေထွက်ရှိပြီးနောက်မှာတော့ သူ့ရဲ့ချစ်သောပရိသတ်တွေနဲ့ အတူတူ တစ်ကိုယ်တော်ရှိုးပွဲလေးပြုလုပ်မှာပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အကောင်အထည်ဖော်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါလား  စိတ်ကူးယဉ်တာကတော့ ကလေးဘ၀ကတည်းကပါ။ဒါပေမယ့်တကယ်စပြီးအကောင်အထည် ဖော်ဖြစ်တာကတော့ ခြောက်လ လောက်ပဲ ရှိပါတယ်။ရှိုးပွဲမှာ ဘယ်လိုထူးခြားမှုတွေနဲ့ ထူးထူးခြားခြားဖြစ်အောင် တင်ဆက် ဖျော်ဖြေဖို့ စိတ်ကူး ထားပါသလဲ။
Surprise ဖြစ်သွားအောင်တော့ အရာရာကို လုပ်ထားပါတယ်။ ကျွန်တော်က စတိတ်ဒီဇိုင်းကိုတောင် ထုတ်မပြပါဘူး။ပရိသတ်တွေကကျွန်တော့်ပွဲစပြီဆိုတာနဲ့အားလုံးကို မြင်စေချင်တာပါ။ မျှော်စင်ကျွန်း

ကို ပြင်ဆင်ထားမယ့် အပြင်အဆင်တွေ၊ တစ်ခြားperformenceအစီအစဉ်တွေ အကုန်လုံးကို ကိုယ်တွေ့လာရောက်ခံစားကြည့်ရှု့စေချင်ပါတယ်။

ဘန်နီဖြိုးအပြင်နောက်ထပ် ဘယ်သူတွေဖျော်ဖြေဖို့ပါဦးမှာလဲ။ကိကိ၊ Snare၊ စိုင်းစိုင်း၊ သီရိဆွေ၊ လွှမ်းပိုင်တို့ပေါ့။လွှမ်းပိုင်ကတော့ခရီးကနေမှီရင်တော့ပါမှာပေါ့။OneManShowလုပ်တယ်ဆိုတာ
 တော်ရုံသတ္တိနဲ့တော့ လုပ်လို့မရပါဘူး။ အရမ်းတာဝန်ကြီးတော့ ဘယ်လိုယုံကြည်ချက်တွေကြောင့် အကောင်အထည်ဖော်ဖြစ်ခဲ့တာလဲ။
သတ္တိကတော့ မွေးရတာပေါ့။ ရှိုးလုပ်တယ်ဆိုတာ အခွေထွက်တာနဲ့မတူပါဘူး။ အခွေထက် တာဝန်ပိုကြီးတယ်။ အခွေက မကြိုက်မချင်း ပြန်ပြင်ပြီးလုပ်လို့ရရင်းနဲ့မှ အေးဆေးထွက်နိုင်ပါတယ်။ ရှိုးလုပ်တယ်ဆိုတော့ Live ဖြစ်နေတဲ့အခါကျတော့ ဒီLiveမှာရော ကိုယ်စီစဉ်ထားတဲ့ အတိုင်း ဖြစ်ပါ့မလား။ ကိုယ်ဖြစ်ချင်သလောက်ဖြစ်ပါ့မလား။ အဲဒါတွေစိတ်ပူရတာတွေ၊ တာဝန်တွေကလည်း အများကြီးပဲ ဆိုတော့ ရင်ခုန်ရတာရော၊ တာဝန်ကြီးမှုရော၊ စိတ်လှုပ်ရှားမိတာပေါ့။ သီချင်းဘယ်နှစ်ပုဒ်လောက် ဖျော်ဖြေဖို့ စဉ်းစားထားလဲ။သီချင်းပုဒ်ရေ ၃၀။အပိုင်း၅ပိုင်းနဲ့ ဖျော်ဖြေသွား

ပါ့မယ်။ သီချင်းအသစ်က တစ်ပုဒ်လောက်ပဲ ပါတယ်။ ဟိုးအရင်တုန်းက ချစ်တယ်ဟုတ် မထွက်ခင်က underground မှာ လုပ်ခဲ့တဲ့ သီချင်းတွေကစပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကိကိနဲ့ duoဆိုပြီးထွက်ခဲ့တဲ့ သီချင်း အသစ်တွေထိ အားလုံးကို မြူးဇစ်ပြန်ပြောင်းလုပ်ထားမျိုးပါမယ်။

 နောက်ပြီးတော့performenceအသစ်တွေထပ်လုပ်ထားတာမျိုးတွေပါမယ်။ရှိုးကို မျှော်လင့်ထားတဲ့အ
တိုင်းအတာဘယ်လောက်ထိရှိလဲ။မျှော်လင့်ထားတာကတော့ အကောင်းဆုံးပေါ့။ ကိုယ်ကိုယ်တိုင်

လည်း အတတ်နိုင်ဆုံး၊ အကောင်းဆုံး၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုထိ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက် ကျွန်တော်ပြန်ရတဲ့  resultကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံးေ
တာ့ လိုချင်ပါတယ်။ ကျွန်တော့်ဘက်ခြမ်းက dream world concert အိမ်မက်တစ်ဝက်တော့ မက်ပြီး
ပါပြီ။ ပွဲနေ့ကျမှ ကျန်တဲ့တစ်ဝက်ကို ပရိသတ်ရဲ့လာမယ့် အင်အားပေါင်းပြီးတော့ဆက်မယ်။ အားလုံး လာစေချင် ပါတယ်။

ဘန်နီဖြိုးရဲ့ ဂီတသက်တမ်းမှာ အခုလိုLive Show ကျင်းပရခြင်းက မှတ်တိုင်တစ်ခုလို့ပြောလို့ရမလား။ ဟုတ်ပါတယ်။ အခွေထွက်တာကလည်းအခွေထွက်သလောက်၊ One Man Show ကလည်း One Man Show အလျောက်ပေါ့။ ကျွန်တော့်ဘဝအတွက် ပထမဆုံးLive Show ဖြစ်နေတဲ့အတွက် ပထမဆုံးမှတ်တိုင်လို့ ပြောလို့ရတယ်။
လက်မှတ်ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့်နေရာ၊ ကျင်းပမယ့်နေ့ရက်၊ အချိန်ပြောပြပေးပါ။ လက်မှတ်ကို ၇၀၀၀ပဲ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာ ၁၄ရက်နေ့။ ညနေ ၅း၃၀(မျှော်စင်ကျွန်း) ပါ။ လက်မှတ်တွေကတော့ City Martဆိုင်ခွဲ၊ KOKONYINYI beauty salon ၊ OMG၊ GENIUS၊ တော်ဝင်စင်တာ(Queen Collection)တို့မှာ ရနိုင်ပါတယ်။
ပရိသတ်တွေကို Dream World Concert နဲ့ပတ်သက်ပြီး ပြောချင်တာရှိရင် ပြောပေးပါလား။ တစ်ခြား ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး။ ကျွန်တော်ကြိုးစားထားတဲ့အရာတစ်ခု ကျွန်တော်ဖန်တီးထားတဲ့ ကျွန်တော့်ရဲ့ အိမ်မက်ကမ္ဘာလေးထဲကို လာစေချင်ပါတယ်။ ထူးခြားစေရ မယ်လို့ ကတိပေးပါတယ်။

No comments:

Post a Comment

back to top