Tuesday, December 16, 2014

အရဲစွန့်ပြီး ပရိသတ်တွေပေါ်လှဲချခဲ့တဲ့ ဘန်နီဖြိုး

ပထမဆုံးတစ်ကိုယ် တော်ဖျော်ဖြေပွဲတွင် တေးသံရှင် ဘန်နီဖြိုးသည် ဖျော်ဖြေနေစဉ် ပရိသတ်အကြားလှဲချခဲ့သည်မှာ အရဲစွန့်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။
‘‘ကျွန်တော်  ဖျော်ဖြေနေ တုန်း  စိတ်ထဲမှာ အဲဒီလိုလုပ်ချင် လာတာကြောင့် ဖြစ်ချင်ရာဖြစ်၊ အောက်ပြုတ်ကျချင်လည်း ကျပါ စေဆိုပြီးတော့ လှဲချခဲ့တာပါ။ ဒါ ကြောင့်လည်း ပထမဆုံးလည်း ဖြစ်တဲ့ ဒီရှိုးပွဲကိုတော့ ကျွန်တော့် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး’’ဟု တေးသံရှင် ဘန်နီ ဖြိုးကဆိုသည်။
ဘန်နီဖြိုးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကန်တော်ကြီးဥယျာဉ်၌ ဒီဇင်ဘာ ၁၄ ရက်  ညနေ ၆ နာရီတွင် ပြုလုပ်ခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ကြောင်း လည်း ပြောသည်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲ များကို  ဆက်တိုက်လုပ်သွားနိုင် အောင် ယခုပွဲမှ အင်အားများစွာ ရရှိခဲ့ကြောင်းနှင့် လူပျိုလှည့်တေး ဒီဗီဒီအခွေကို  ချစ်သူများနေ့ မတိုင်မီ  ပရိသတ်လက်ထဲသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း လည်း တေးသံရှင် ဘန်နီဖြိုးက ဆိုသည်။

No comments:

Post a Comment

back to top