Wednesday, December 3, 2014

ပီလီရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာ
ဘရာဇီးဂန္ထ၀င် ဘောလုံးသမား ပီလီရဲ့ ကျန်းမာရေး အခြေအနေဟာ ဆက်လက် တိုးတက်နေတယ်လို့ ဆရာဝန်တွေက တနင်္လာနေ့မှာ ပြောပါတယ်။
ပီလီဟာ ဆီးကျောက်ကို ခွဲစိပ်ဖယ်ရှားပြီးနောက် ဆီးလမ်းကြောင်းထဲ ပိုးဝင်လို့ တစ်လအတွင်း ဆေးရုံ(၂)ကြိမ် တက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဆရာဝန်တွေဟာ သူ့ကျောက်ကပ် အားကောင်းလာအောင် အဓိကထား ကုသခဲ့ပေမယ့် တနင်္ဂနွေ နေ့ကတော့ အဲဒီကုထုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ရှင်းလင်းချက်မှာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါ အခြေအနေ ဘယ်လောက် တိုးတက်လာပြီလဲလို့ သိရအောင်လို့ ကုထုံးပြောင်းခဲ့တာလို့ ဆိုပါတယ်။ အသက်(၇၄)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ပီလီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ကျန်းမာရေး ပြဿနာတွေကြောင့် မကြာခဏ ဆေးရုံ တက်ခဲ့ရပေမယ့် နေကောင်းတဲ့ အချိန်တွေမှာတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ပါဝင်ပေးနေပါတယ်။

No comments:

Post a Comment

back to top