Monday, December 1, 2014

လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးခြင်းနှင့် ၀န်ထမ်းများ လစာတိုးခြင်း တစ်ချိန်တည်း ဖြင့်သင့်ဟုဆို

လွှတ်တော် ကိုယ်စားလှယ်များအတွက် ချီးမြှင့်ငွေနှင့် စရိတ်များ တိုးမြှင့်ပေးမည်ကို ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုခဲ့သည့်အပေါ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဥာဏ်နိုင် က ၀န်ထမ်းများ လစာတိုးချိန်နှင့် တစ်ပြိုင်နက်တည်း ဖြင်သင့်ကြောင်း လွှတ်တော် အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် သုံးသပ်ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထား ကွဲလွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၈ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြည်သူ့ လွှတ်တော်နှင့်  အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စား လှယ်များကို ယခုချီးမြှင့်ငွေ ကျပ်သုံးသိန်းမှ ကျပ် ၁၀ သိန်းနှင့် နေ့တွက်စရိတ် ယခု ကျပ် တစ်သောင်းမှ ကျပ်နှစ်သောင်းသို့လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ယခု ချီးမြှင့်ငွေကျပ် ၂ သိန်းမှ ၅ သိန်းနှင့် နေ့တွက်စရိတ် ယခု ကျပ်တစ်သောင်းမှ ကျပ် နှစ်သောင်းသို့ လည်းကောင်း တိုးမြှင့်ပေး မည်ဟု သိရသည်။ ယခုလက်ရှိ ကျပ်သုံးသိန်းသာ ရရှိနေသည့်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ မလောက်ငမှု ဖြစ်ပေါ်နေကြောင်း လွှတ်တော် အသိုင်း အ၀ိုင်းက တင်ပြ တောင်းဆိုမှုများ ရှိခဲ့သဖြင့် ယခုကဲ့သို့ တိုးမြှင့်ရန် သတ်မှတ်ခဲ့ခြင်းဖြစ် ပြီး ထိုသို့ တိုးမြှင့် ချီးမြှင့်ခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ရာတွင် “ ၀န်ထမ်းတွေ လစာတိုးတဲ့ အချိန်နဲ့ တစ်ချိန်တည်း ဆောင်ရွက် သင့်တာပါ။ ဒါလေးက ပထမဖြစ်သွားရင် ဟိုဘက်က လွှတ်တော်အပေါ် တစ်မျိုး ထင်သွား မှာ စိုးလို့ပါ” ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဥာဏ်နိုင်က သုံးသပ်ဆွေးနွေးခဲ့သည်။
ယင်းကိစ္စကို (၁၁) ကြိမ်မြောက် လွှတ်တော်တွင် အတည်ြပုခဲ့သော်လည်း မည်သည့်ပမာဏ တိုးပေးမည်၊ မည်သည့် အချိန်တွင် တိုးမြှင့်ပေးမည်ကို တရားဝင်အတည်မပြုသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အစိုးရ၀န်ထမ်း၊ အမြဲတမ်း၊ နေ့စား စသည်ဖြင့် ၀န်ထမ်းအမျိုးမျိုး ၁ ဒသမ ၄ သန်းခန့်ရှိပြီး သန်း ၅၀ ခန့်သော ပြည်သူများသည် ၀န်ထမ်းမဟုတ်ကြကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ၏ ပြောကြား ချက်အရ သိရသည်။



No comments:

Post a Comment

back to top