Tuesday, November 4, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်မှ တစ်ဆင့် မိန့်ခွန်း ပြောကြားမည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြား မည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM ၊ ရွှေ FM ၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊ FM ပုဂံနှင့် သဇင် အသံလွှင့် ဌာနတို့မှ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၅ရက်နှင့် ၆ရက်တို့၌ နံနက် ၇ နာရီ၊ နံနက်  ၁၁နာရီ၊ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့် သွား မည်ဖြစ်သည်။အဆိုပါ မိန့်ခွန်း အပြည့်အစုံကို နိုဝင်ဘာ ၅ ရက် နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည် ဖြစ်သည်။              

No comments:

Post a Comment

back to top