Tuesday, September 30, 2014

မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ စစ်တမ်းကောက်ယူခြင်းများ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်
*********************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးဇော်မင်း၏ လမ်းညွှန်မှုဖြင့် မကွေးမြို့နယ် ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော်နှင့် မြို့နယ်ပါတီကော်မတီဝင် များသည် တစ်အိမ်တက်ဆင်း (Door to Door) စစ်တမ်းယူနိုင်ရေးအတွက် စက်တင်ဘာ (၂၅) ရက်        (၀၉၃၀)ချိန်မှ (၁၇၀၀)ချိန်ထိ မကွေးမြို့နယ် သပြေစမ်းအုပ်စု၊ မင်းရွာ (တောင်) ကျေးရွာ ပါတီ စည်းရုံးရေးမှူး၏ နေအိမ်၌ ပါတီဝင်လူငယ် ကျား(၁၂)ဦး၊ မ (၁၀)ဦး၊ ပေါင်း (၂၂)ဦးတို့ အား သရုပ်ပြ ရှင်းလင်းခဲ့ပြီး ၎င်းလူငယ်များအား (၃)ဦး (၁)ဦးစီဖြင့် အဖွဲ့ (၇)ဖွဲ့ ဖွဲ့ကာ (၁)ဖွဲ့လျှင် အိမ်ခြေ (၁၆)အိမ် နှုန်းဖြင့် အဆိုပါကျေးရွာရှိ အိမ်ခြေ (၁၁၃)အိမ်အား စက်တင်ဘာ (၂၆) ရက် (၁၅၀၀) ချိန်မှစ၍ စစ်တမ်းကောက်ယူခြင်းများ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


လက်တွေ့စစ်တမ်းကောက်ယူရာ၌ တွေ့ရှိရသည့် အချက်အလက်များမှာ အိမ်ခြေ (၁၁၃)အိမ်၊ လူဦးရေ (၄၅၂)ဦး၊ ၁၈ နှစ်အထက် ဦးရေ (၃၂၉)ဦး၊ ၁၈ နှစ်အောက် ဦးရေ (၁၂၃)ဦး၊ အိမ်ထောင်စုစာရင်း မရှိသူ(၂၄)ဦး၊ မှတ်ပုံတင်မရှိသူ (၈၆)ဦး၊ မျက်စိစမ်းသပ်ကုသရမည့်သူ (၃၄)ဦး၊ ပညာသင်ကြားရန် အခက်အခဲရှိသူ (၁၁)ဦး၊ စီးပွားရေးအခြေအနေမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ပါက ထုတ်ချေးလိုသူ (၅၇)အိမ်၊ မွေးမြူရေးချေးငွေ ထုတ်ချေးပေးနိုင်ပါက ထုတ်ချေးလိုသူ (၃၄)အိမ်၊ ကျေးရွာ ဖွံ့ဖြိုးရေးအနေဖြင့် မကွေး-တောင်တွင်း လမ်းမကြီးနှင့် မင်းရွာ (တောင်) လမ်း (၂မိုင်၊ ၃ဖာလုံ) အား ပြုပြင်ဖောက်လုပ်ပေးစေလိုသူ (၇၃)အိမ်၊ စက်ရေတွင်းသစ် တူးဖော်ပေးစေ လိုသူ (၂၃)အိမ်၊ အ.မ.က (ခွဲ) စာသင်ကျောင်း ဖွင့်လှစ်ခွင့်ရရှိရေး တင်ပြသူ (၁၈)အိမ်တို့ ဖြစ် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top