Tuesday, September 30, 2014

ပါတီဝင်များ ပြည်သူ့အကျိုးဖော်ဆောင်နိုင်ရေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေး
*********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပြည်သူ့အကျိုးဖော်ဆောင်နိုင်ရေး၊ စွမ်းရည်မြင့်မား တိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာ (၂၆) ရက် နံနက် (၉) နာရီအချိန်တွင် ယင်းမာပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၁၄)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ကျော့ယဉ်ဝင်း နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်းဆွေတို့မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။


အလားတူ စက်တင်ဘာ (၂၇)ရက် နံနက် (၈) နာရီအချိန်တွင် ဘုတလင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၁၄) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပါတီ အတွင်း ရေးမှူး ဦးထွန်းမြင့်ဦးမှ သင်တန်းပို့ချမည့်ဘာသာရပ်များ အကြောင်းကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးနှင့် ဘုတလင်မြို့နယ် သင်တန်းသို့ သင်တန်းသား/သူ(၇၅)ဦး အသီးသီး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top