Tuesday, September 2, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဟင်္သာတမြို့ ဘုန်းတော်ကြီး ကျောင်းများရှိ ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညို
*****************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး သည် သြဂုတ်လ (၂၉)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိမ်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျက် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာ သီရိမင်္ဂလာနိဗ္ဗာန်တိုက်ကျောင်းသို့ ရောက်ရှိပြီး၊ ဆရာတော် ၀ိမလသောမ ပဏ္ဍိတဘဒ္ဒန္တရေ၀တအား ၀တ္ထုနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပါသည်။ ၎င်းနောက်ဂေါပကအဖွဲ့၊ ဝေယျာဝစ္စအဖွဲ့နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးသည်။
ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာ သီရိမင်္ဂလာ နိဗ္ဗာန်တိုက်ဆရာတော် ၀ိမလသောမ ပဏ္ဍိတဘဒ္ဒန္တရေ၀တအား ၀တ္ထုနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ပူဇော်စဉ်

ဆက်လက်ဖတ်ရှု့ရန်
http://www.usdp.org.mm/index.php/5870-292014-11.html

No comments:

Post a Comment

back to top