ကိုရီးယားနိုင်ငံ Miss Asia Pacific World 2014 အော်ဂနိုက်ဇေးရှင်းက တရားဝင်တောင်းပန်းစာပို့မှသာ သရဖူပြန်လည်ပေးအပ်မည်ဟု သရဖူဆုရှင်မေမြတ်နိုးပြောကြား
မြန်မာနိုင်ငံကိုယ်စားပြုကာရရှိလာခဲ့သည့်သရဖူကို
ကိုရီးယားနိုင်ငံ၏ Miss Asia Pacific World 2014 အဖွဲ့အစည်းက တရားဝင်တောင်းပန်စာပို့မှသာပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း
Miss Asia Pacific World 2014 သရဖူဆုရှင်မေမြတ်နိုးက ယနေ့ပြောကြားသည်။ မြန်မာမိန်ကလေး တစ်ယောက်၏ ဂုဏ်သိက္ခာထိခိုက်ပြီး
မြန်မာနိုင်ငံကို ထိခိုက်စေသည် အဖွဲ့အစည်းပေးအပ်သည့် သရဖူကိုမလိုချင်ကြောင်း၊ မြန်မာနိုင်ငံ၏
နေရှင်နယ် ဒါရိုက်တာအားပြန်လည်ပေးအပ်ရန် မိမိအနေဖြင့်လက်မခံနိုင်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့စဉ်က
နိုင်ငံတကာ ဒိုင်များရှေ့၌ စည်းမျဉ်းစည်းကမ်းများနှင့် ရွေးချယ်ခဲ့သည့် သရဖူကို ကိုရီးယားနိုင်ငံမှ
အဖွဲ့အစည်းကိုသာ ပြန်လည်ပေးအပ်လိုကြောင်း မေမြတ်နိုးကပြောသည်။
" မြန်မာနိုင်ငံက နေရှင်နယ်ဒါရိုက်တာတစ်ယောက်အနေနဲ့ကိုယ့်နိုင်ငံဘက်မပါဘဲ
ကိုယ့်နိုင်ငံမကောင်းကြောင်း နိုင်ငံတကာကိုပြောတဲ့အတွက် သူတို့ဆီကိုသရဖူပြန်အပ်ဖို့
လုံးဝလက်မခံနိုင်ပါဘူး။ ကိုရီးယား အော်ဂနိုက်ဇေးရှင်းကိုပြန်အပ်တဲ့နေရာမှာလဲ
သူတို့က ကျွန်မကို အသရေဖျက်မှုတွေ၊ နိုင်ငံမကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲတယ်၊
ကျွန်မကသရဖူကို ခိုးပြီးပြန်လာတယ်လို့ မီဒီယာတွေကိုဖြန့်တယ်၊ မေမြတ်နိုးလို့တောင်းမသုံးနှုန်းလဲ
Myanmar Beauty Queen လို့ရေးထားတဲ့အတွက် မြန်မာနိုင်ငံကိုစော်ကားတာနဲ့ အတူတူပါပဲ၊
သူတို့အမှားကို ကျွန်မအမှားလို့ ပြောကြတယ်။ မြန်မာနိုင်ငံကို ရှုတ်ချစေတဲ့စကားတွေနဲ့
နိုင်ငံတကာရှေ့မှာဖြန့်တဲ့အတွက် သူတို့ဆီက တရားဝင်တောင်းပန်စာရမှ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲပ
တောင်းပန်စာပို့မှ မြန်မာနိုင်ငံက သက်ဆိုင်ရာလူကြီးရှေ့မှာ သရဖူကိုပြန်လည်ပေးအပ် သွားမယ်"
ဟု ၎င်းကဆိုသည်။
" ကျွန်မကိုရီယားရောက်သွားတော့ သူတို့ပြောခဲ့တဲ့အခွေထုတ်မယ့်
အစီအစဉ်မဟုတ်ဘဲ တခြားအစီအစဉ်တစ်ခုကို ပြောင်းလဲသွားတယ်လို့ပြောတယ်။ ကျွန်မကို ဒီထက်ပိုလှသွားအောင်
ပလတ်စတစ် ဆာဂျရီလုပ်ပေးမယ်။ သမီးတို့ သားအမိနှစ်ယောက်လုံး ငြင်းလို့မရဘူးပေါ့။ ဆာဂျရီပြီးသွားရင်
ကိုရီးယားမျာ အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ နေရေးထိုင်ရေး စားသောက်ဖို့ကအစ စီစဉ်ပေးမယ်တဲ့။
ဒါပေမယ့် ငွေကြေးလိုအပ်တယ်။ အဲတော့စပွန်ဆာရှာရမယ်။ စပွန်ဆာရှာတဲ့နေရာမှာလဲ သူတို့ရဲ့အစီအစဉ်နဲ့မဟုတ်ဘဲ
ကိုယ့်ဘာသာရှာရမယ်ပေါ့။ အဲတော့သမီးကို ဆာဂျရီလုပ်ပေးတာ ဘာအတွက်လည်းဆိုတာကို သဘောပေါက်သွားတယ်။
အဲတော့ သမီးလုံးဝလက်မခံခဲ့ပါဘူး။ သူတို့တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လုံးဝမဖြစ်နိုင်တာကို
သိလိုက်ရတော့ မြန်မာနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်" ဟု မေမြတ်နိုးက ပြောသည်။
ထုတ်ပြန်ချက်၌ ပါဝင်သည့် သူမ၏မိခင်အတွက်ဗီဇာပြုလုပ်သည့်ကိစ္စနှင့်ပတ်သက်၍
၎င်းက " သမီးနဲ့အတူတူ အမေ့ကိုအုပ်ချုပ်သူတစ်ယောက်အနေနဲ့ လိုက်ပါခွင့်ပေးပါမယ်လို့
သူတို့ပြောခဲ့တယ်။ ဖိတ်ခေါ်စာကို ပို့ပေးပါတယ်။ သမီးအတွက်ု သုံးလ စားစရိတ်၊ နေစရိတ်၊
လေယာဉ်စရိတ်။ လေယာဉ်လက်မှတ်ကအစပေါ့။ အမေ့အတွက်ကရော ပေးပါမယ်လို့ရေးထားတာပါ။ ဒါပေမယ့်
အမေ့ကို ၂၉ရက်အထိပဲနေခွင့်ရှိတယ်။ အဲတော့ သမီးကကိုရီးယားဗီဇာကို အမေတွက် သုံးလရအောင်လျှောက်ခဲ့တယ်။
သံရုံးကိုစာရွက်အစုံပေးတယ်။ သံရုံးကလဲသမီးကို မြန်မာနိုင်ငံကိုယ်စားပြုတဲ့အလှမယ် တစ်ယောက်အနေနဲ့ယုံကြည်တယ်။
အဲတော့ သုံးလဗီဇာပေးခဲ့တယ်။ ဗီဇာဆိုတာ လုပ်ကြံပြီး လဲယူလို့မရပါဘူး" ဟု ရှင်းပြခဲ့သည်။
No comments:
Post a Comment