Wednesday, September 24, 2014

DV (2016) အောက်တိုဘာတွင် စတင်လျှောက်ထားနိုင်


အမေရိကန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် မဲဖောက်ပေးသည့် Diversity Visa (DV) 2016 Program အတွက် လျှောက်လွှာ တင်ခြင်း များကို အောက်တိုဘာ ၁ ရက် တွင် စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်အရသိရသည်။
အီလက်ထရွန်နစ် စနစ်ဖြင့် မဲဖောက်ပေးမည့် DV လျှောက်လွှာများကို နိုဝင်ဘာ ၃ ရက်အထိ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျသော မှတ်ပုံတင်လျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။ DV 2016 လျှောက်လွှာပြုလုပ်ခြင်းကို လူတစ်ဦးလျှင် တစ်စောင်သာ လျှောက်ထားခွင့်ရှိပြီး တစ်စောင်ထက်ပို လျှောက်ထားသော လျှောက်လွှာများကိုလည်း ထည့်သွင်းစဉ်စားမည့် မဟုတ်ကြောင်း ယင်းအစီအစဉ်အတွက် မည်သည့် ငွေကြေးပမာဏ တစ်စုံတစ်ရာကိုမှ ပေးသွင်းရန်မလိုကြောင်း၊ အင်တာနက်မှ တစ်ဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အခြားတစ်ဦးဦးမှဖြစ်စေ လျှောက်လွှာများ တင်သွင်းနိုင်သည်။ အဆိုပါ Diversity Visa (DV) 2016 လျှောက်လွှာတင်ခြင်းများက www.dvlottery.state.gov တွင် ဝင်ရောက်ပြုလုပ်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment

back to top