Monday, September 29, 2014

ချက်တင်းနစ်မယ် ဖလားဆွတ်ခူး



ချက်သမ္မတနိုင်ငံမှ တင်းနစ်မယ်ပီထရာဗစ်တိုးဗားသည် တရုတ်နိုင်ငံ ဝူဟန်းအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကနေဒါတင်းနစ်မယ် ဘိုချတ်ကိုနိုင်ပြီး ဖလား ဆွတ်ခူး သွားခဲ့သည်။ သူမသည် ယင်းပွဲအနိုင်ရလိုက်၍ စင်ကာပူနိုင်ငံ၌ ကျင်းပမည့် WTA ရာသီကုန်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရှိသွားခဲ့သည်။  "ကျွန်မရဲ့ ဒီနေ့အနိုင်ရတဲ့ပွဲဟာ ဒီနှစ်ထဲမှာတော့ ဒုတိယမြောက်တန်ဖိုး အကြီးဆုံးဖလားပါပဲ"ဟု ဗစ်တိုးဗားက ပြောသည်။ ၎င်းသည် စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် WTA ရာသီကုန် ပြိုင်ပွဲတွင် ဆီရီနာဝီလျံ၊ ရှာရာပိုဗာတို့နှင့်အတူ ယှဉ်ပြိုင်ကစားခွင့် ရရှိသွား ပြီဖြစ်သည်။

No comments:

Post a Comment

back to top