Monday, September 29, 2014

မန္တလေးမြို့ရှိ လူငယ် အများစု တယ်လီနော ဆင်းကတ်ကို 2G ဟန်းဆက်များဖြင့်သာ ကိုင်တွယ်မှု များလာ



မန္တလေးမြို့၌ ယမန်နေ့က စတင်ရောင်းချသည့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို လူငယ်အများစုမှာ 2G ဖြင့်သာ အသုံးပြုနိုင်သည့်  တန်ဖိုးနည်း ဟန်းဆက်များကို ဝယ်ယူ၍ ထည့်သွင်း ကိုင်တွယ်မှု များလာကြောင်း မန္တလေးမြို့ရှိ ဖုန်းအရောင်းဆိုင်များမှ သိရသည်။

မန္တလေးမြို့ရှိ လူငယ်အများစုသည် တယ်လီနော ဆင်းကတ်နှင့် တွဲသုံးရန် 2G ဟန်းဆက်များ ဝယ်ယူသည့် အခါ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီမှ ထုတ်သည့် ငွေကျပ် နှစ်သောင်း ပတ်ဝန်းကျင်ရှိ 2G ဟန်းဆက်များကိုပါ ဝယ်ယူမှု များသကဲ့သို့ တရုတ်နိုင်ငံမှ တင်သွင်းသည့်  ငွေကျပ် သုံးသောင်းဝန်းကျင်ရှိ  2G  ဟန်းဆက်များကိုလည်း ဝယ်ယူ သုံးစွဲမှုများ ရှိနေကြောင်း သိရသည်။ 2G ဟန်းဆက် ဆိုသည်မှာ အင်တာနက် အသုံးပြု၍ မရဘဲ ရိုးရိုးဖုန်းခေါ်ဆိုမှုသာ ပြုလုပ်ရသည့်   ဟန်းဆက်များ ဖြစ်သည်။ မန္တလေးမြို့ရှိ ဖုန်းအရောင်းဆိုင်များ အနေဖြင့် တယ်လီနော ဆင်းကတ်နှင့် တွဲရောင်းရန် 3G  ဟန်းဆက်များထက်  2G ဟန်းဆက်များကိုသာ  အရောင်းများကြကြောင်း သိရသည်။ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ နာမည်ကြီး ဟန်းဆက် ကုမ္ပဏီဖြစ်သည့် Huawei ကုမ္ပဏီနှင့် ပူးပေါင်းကာ  မြန်မာနိုင်ငံ အတွင်း၌  2G ၊ 3G   ဟန်းဆက် များလည်း ထုတ်လုပ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top