ဥရောပသမဂ္ဂက ထောက်ခံပေးထားသော ရုရှားနှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေး သဘောတူစာချုပ် ချုပ်ဆိုမည့် အစီအစဉ်တွင် ယူကရိန်းနိုင်ငံ ပါဝင်ပတ်သက် မည် မဟုတ်ကြောင်းသိရသည်။
ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုအစီအစဉ်ကို လာမည့်ဆောင်းရာသီ အတောအတွင်း စတင် အကောင်အထည် ဖော်ဆောင် သွားနိုင်ဖွယ်ရှိကြောင်း ဥရောပသမဂ္ဂ စွမ်းအင်ဆိုင်ရာ အကြီးအကဲ ဂွမ်သာအော့တင်ဂျာက ထုတ်ဖော် ပြောကြားခဲ့သည်။ သို့ရာတွင် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံကြား ဆွေးနွေးပွဲ များကို လာမည့် ရက်သတ္တပတ်တွင် လုပ်ဆောင် သွားမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲပြီးနောက် နောက်ဆုံးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း အော့တင်ဂျာနှင့် ရုရှား စွမ်းအင် ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ သည်။ ထို့ပြင် ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံအား ကြွေးမြီ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ပေးချေရန် ရှိနေသေးကြောင်း ရုရှားနိုင်ငံက အခိုင်အမာပြော ကြားခဲ့သည်။ ထို့ကြောင့် နောက်ဆုံး သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်မည် မဟုတ်ကြောင်း ယူကရိန်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီမှ အကြီးအကဲ အန်ဒရီကိုဘိုလက်ဗ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။ အကယ်၍ အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့မည် ဆိုပါက ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံကြား ယုံကြည် မှုကို အပြန်အလှန် တည်ဆောက်ရာတွင် အကူအညီ ပေးနိုင်ဖွယ်ရှိသည်။
No comments:
Post a Comment