ဆက်တင်တွေအပြည့်နဲ့ နန်းဆုရတီစိုးရဲ့ Superman သီချင်း အမ်တီဗီရိုက်ကွင်း
နန်းဆုရတီစိုးက သူ့ရဲ့ ‘Forward’ အခွေထဲက ‘Super man’ သီချင်းကို စက်တင်ဘာ ၁၂ ရက်နေ့ က အမ်တီဗီရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာအောင်မြတ်ရဲ့ ပုံဖော်ဖန် တီး မှုတွေနဲ့အတူSuperman သီချင်းအတွက် ပြင် ဆင်မှုအပိုင်း များနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုး က “ဒါရိုက်တာအောင်မြတ်ရဲ့ အိုင် ဒီယာလေးပါ။ သူလုပ်ထားတဲ့ အိုင် ဒီယာကိုနန်းဆုတအားကြိုက်တယ်။ ဒီ Superman သီချင်းလေး ကိုဆို ရင်GTR Club၊ ဒီမှာပြီးရင် ယုဇန ပလာဇာပြီးရင် သာကေတမှာ ခန်းမ တစ်ခုငှားထားပြီးတော့ Setting တွေကို အသစ်ပြန်ဆောက်ထား တယ်။ စိန်တိုက်၊Setting တွေ လုပ်ရတယ်။ စိန်တိုက်က မှန်တွေကို ခွဲမှာဆိုတော့ မှန်အစစ်တွေနဲ့ရှာပြီး သေချာပြင်ဆင်ပြီးလုပ်ထားတယ်။ သီချင်းဆိုတဲ့ ကတ်တွေမှာတောင် နောက်ခံမှာ မီးရှို့တာ တွေ၊ ကျည်ပေါက်တဲ့ Background တွေ ကိုပါ ထည့်မှာဆို တော့ အဲဒီSetting တွေကအစ အသေး စိတ်သေချာပြင် ဆင် ထားတယ်။ နန်းဆု ဘာတွေသုံးထား လဲ ဆိုရင် အမေရိကကSWAT တွေ ဝတ်စုံ တွေနဲ့ ရဲတွေရော၊ ရဲ ကားတွေရော အဲဒီလို စီစဉ်ထားတယ်။ သေ ချာအသေး စိတ်ကိုပြင်ဆင် ထားတယ်။ ဒါရိုက်တာလိုချင် တဲ့ပုံစံလည်းဖြစ်အောင်ကိုယ်ဖြစ် ချင်တာရောပေါ့။ လုပ်မယ့်လုပ် တော့အမိုက်စားပဲဖြစ်ချင်တော့ ကြိုးစားပြီးပြင်ဆင်ထားတယ်။ ဒီ တစ်ပုဒ်တည်းကိုပဲ Setting တွေအ များကြီး၊နေရာတွေအများကြီးနဲ့ ပုံဖော် ရိုက်ကူးထား တယ်။ တစ်ပုဒ်တစ်ပုဒ်ကို တော်တော်ကြီးကိုအချိန်ပေးပြီး လုပ် ထားတယ်။ သီချင်းမှာဆို ရဲကားတွေရော၊ သေနတ်တွေရောသုံးထားတာဖြစ်တဲ့ အတွက် ခွင့်ပြုချက်တွေ လည်း အများကြီးယူခဲ့ရ တယ်။ နန်းဆုရဲ့သီချင်းတိုင်းကို သေချာ အားစိုက်ပြီး အသေးစိတ်ပြင်ဆင်ထား တယ်” လို့ပြောပြပါတယ်။ နန်းဆုရတီစိုးက Forward အမ်တီဗီ အခွေကိုဒီနှစ် မကုန် ခင် နဲ့နောက်နှစ်ဆန်းပိုင်းလောက်ထွက်နိုင် အောင်ကြိုးစားပြင်ဆင်နေတဲ့အတွက် ကားရိုက်တွေကိုတော့သေချာညှိနှိုင်း ပြီးမှပဲလုပ်ဖြစ်နေပြီး အခွေအတွက် ပဲ အချိန်ပေးပြီးဦးစားပေးလုပ်ဖြစ်နေ ကြောင်းပြောပြပါတယ်။
No comments:
Post a Comment