Monday, September 15, 2014

လုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂၀၁၅မှာ ပရိသတ်ကို အသိပေးသွားမယ့်မိုးဟေကို


မိုးဟေကိုက ဇာတ်ကားရိုက်ကူးရင်းနဲ့တစ်ဖက်မှာလည်း ကျွန်မချစ်သောစာအုပ်ကိုလည်း ၂၀၁၅မှာ ထွက်ဖို့စီစဉ်နေရင်း ထုတ်လုပ်ရေးတစ်ခုကိုလည်း စီးပွားရေးအနေနဲ့စတင်ခြေလှမ်းနေပြီးဖြစ်ပါတယ်။ " မိုးကုမ္ပဏီက ထုတ်တဲ့ ရုံးပတေသီးလေးများ ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ နေဒွေးပြီးတော့ မိုးရယ် ရိုက်ကူးဖို့ရှိတယ်။ အဓိက ဒီဇာတ်လမ်းက မင်းသားဇာတ်လေးပါပဲ။ အဓိကကတော့ လူတွေပျော်ရွှင်မှုပေးစေတဲ့ ဇာတ်လမ်းပါပဲ ဒါရိုက်တာက ကိုဇော်(အရုဏ်ဦး)ပါ။ မိုးတို့ကုမ္ပဏီက ပထဦးဆုံးထုတ်မဲ့ ဇာတ်ကားလေးပါ။ ဒီအနုပညာအလုပ်ကိုလည်း ကိုယ်ကချစ်တယ်။ ပြီးတော့ ဝါသနာလည်းပါတယ်။ စီးပွားရေးအရလည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မိုးက အပြင် စီးပွားရေးတွေလည်း လုပ်နေတော့ဒါကလည်းကိုယ့်အနုပညာနဲ့ဆက်စပ်နေတဲ့ အလုပ်ဖြစ်နေတော့ ဒီထုတ်လုပ်ရေးကို လုပ်ဖြစ်တာပါ။ ဇာတ်ကားကတော့ အောက်တိုဘာလလောက်မှစပြီးရိုက်ကူးဖြစ်မယ်။ 


ဒီအစီအစဉ်တွေကလည်း ကျွန်မချစ်သောစာအုပ်ပြီးရင် တစ်ခုပြီးတစ်ခုလုပ်သွားမယ့် အစီအစဉ်လေးတွေ ပါပဲအဓိကကတော့ ကျွန်မချစ်သောစာအုပ်ကို စတင်အကောင်အထည်ဖော်မယ့် အဆုံးသတ်ခါးနီးမှ ဒီရုပ်ရှင်ထုတ်လုပ်ရေးကလည်းအစကတည်းက ကုမ္ပဏီလျောက်ထားတာဖြစ်တဲ့အတွက် အဲဒီဘက် ကိုလည်းနည်းနည်းပိုပြီး အာရုံစိုက်ချင်လာတယ်။ အဲဒါကြောင့်လုပ်ဖြစ်တာပါ။ တခြားအပြင် စီးပွားရေးတွေလည်း လုပ်ထားတာလေးတွေရှိတော့ ကားရိုက်တွေကို အချိန်ပေး လုပ်နေရတယ်။ မိုးကဒီအနုပညာနယ်ပယ်ထဲမှာရှိနေတဲ့သူတစ်ယောက်အနေနဲ့လည်း ဒီအနုပညာကိုလည်း ချစ်တယ်။ ခင်တွယ်တယ်ဆိုတော့ ဒီထုတ်လုပ်ရေးကို တိုးချဲ့အလုပ်တစ်ခုအနေနဲ့ လုပ်ဖြစ်သွားတာပါ။ တခြား စီးပွားရေးလုပ်ငန်းတွေကိုလည်း မိုးဘာတွေ လုပ်နေတယ်ဆိုတာကို ၂၀၁၅ မှာအစီအစဉ်တကျ အသိပေးသွားမှာပါ" လို့ပြောပါတယ်။

No comments:

Post a Comment

back to top