Monday, September 29, 2014

စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ ပြေလျော့စေရေးအတွက် နျူကလီးယား စက်ရုံများ ပါကစ္စတန် တည်ဆောက်မည်

နိုင်ငံတွင်းကြုံတွေ့နေရသည့် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ ပြေလျော့စေရေးအတွက် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများ ပိုမိုတည်ဆောက်ရန်ဆန္ဒရှိနေကြောင်း ပါကစ္စတန် နိုင်ငံက နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီအား ပြောကြား ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဖော်ပြသည်။

ဗီယင်နာ၌ ကျင်းပသော နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) ၏ နှစ်ပတ်လည် အထွေထွေညီလာခံ၌ ပါကစ္စတန်နိုင်ငံ အဏုမြူစွမ်းအင် ကော်မရှင်ဥက္ကဋ္ဌ အန်ဆာပါဗက်ဇ်က ပြောကြားရာတွင် ၎င်းအနေဖြင့် အိုင်အေအီးအေနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာကို အိုင်အေအီးအေ၏ ထိန်းချုပ် မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရပ်ဘက် နျူကလိးယားစက်ရုံများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပါဗက်ဇ်က ပြောကြားသည်။
ပါကစ္စတန်နိုင်ငံတွင် ပထမဆုံးသော နျူကလီးယား ဓာတ်အားပေးစက်ရုံကို ၁၉၇၂ ခုနှစ်တွင် ပထမဆုံး အကြိမ်စတင် တည် ဆောက်ခဲ့သည်။ နှ်ပေါင်း ၄၀ ကျော်ကာလအတွင်း ဘေးဥပဒ်မရှိဘဲ စက်ရုံ လည်ပတ်နိုင်ခဲ့သဖြင့် နိုင်ငံတကာ အဏမြူစွမ်းအင် အေဂျင်စီ၏  ယုံကြည်မှုကို ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

No comments:

Post a Comment

back to top