Wednesday, September 3, 2014

အင်ဒိုနီးရှား ဒရာမာဇာတ်လမ်းမှာပါဝင်မယ့် ကေပေါ့ပ်အဆိုတော် Eru

တောင်ကိုရီးယားအဆို တော် Eru သည် အင်ဒိုနီးရှား နိုင်ငံ၏ နာမည်ကျော် ဒရာမာ ဇာတ်လမ်း အစီအစဉ်ဖြစ်သော Bioskop Indonesia Premier အစီအစဉ်တွင် ပါဝင်မည်ဟု တည်ပြုပြောသည်။
 Eru သည် Bioskop Indo-nesia Premier အစီအစဉ်၏ Second Change ဇာတ်လမ်းနှင့် I Love You Eru ဇာတ်လမ်းတို့၌ ခေါင်းဆောင်မင်းသားအဖြစ် ပါ ၀င်သရုပ်ဆောင်မည်ဖြစ်သည်။ Bioskop Indonesia Pre-mier အစီအစဉ်သည် အင်ဒိုနီး ရှားနိုင်ငံ၌ လူကြိုက်များသော ဒရာမာဇာတ်လမ်းအစီအစဉ် တစ် ခုဖြစ်ပြီး ထိပ်တန်းသရုပ်ဆောင် များစွာ ပါဝင်သော အစီအစဉ် လည်းဖြစ်သည်။
ယင်းအစီအစဉ်ကို ၂၀၀၈ ခုနှစ်ကတည်းက ထုတ်လွှင့်ပြသ လာခဲ့သည်။ ‘‘ဒရာမာဇာတ်လမ်းနှစ်ခုမှာ ပါဝင်ခွင့်ရတယ်ဆိုတာ Eru တွက် ထူးခြားတဲ့ အခြေအနေ တစ်ရပ်ပါ။ I Love You Eru ဒရာ မာဇာတ်လမ်းက အင်ဒိုနီးရှား နိုင်ငံမှာ Eru ဘယ်လောက်ထိ ကျော်ကြားတယ်ဆိုတာ ဖော်ပြ နေပါတယ်’’ ဟု အင်ဒိုနီးရှား ဘက်မှ တာဝန်ခံတစ်ဦးက ပြော သည်။ အဆိုတော် Eru သည် ယင်းဇာတ်လမ်းများ  ရိုက်ကူးရန် စက်တင်ဘာ ရက်တွင် အင်ဒို နီးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

No comments:

Post a Comment

back to top