Wednesday, September 3, 2014

ပုလဲမြို့သစ်ရှိ သဲအင်းဂူ ကျောင်းတိုက်မှာ ယောဂီကျောင်းဆောင် ဆောက်လုပ် လှူဒါန်း ခဲ့တဲ့ နဝရတ်


နဝရတ်က ပုလဲမြို့သစ်ရှိ ဆရာတော် အရှင်ဆန္ဓရိမာ ရဲ့သဲအင်းဂူ ကျောင်းတိုက် မှာ ယောဂီကျောင်းဆောင်ကို ဆောက်လုပ် လှူ ဒါန်းခဲ့ပါတယ်။ တရားစခန်း ဝင်ရင်း ကုသိုလ်ကောင်းမှု လုပ်ဖြစ်ခဲ့တဲ့ နဝရတ် က “အောင်လံမှာ တရား စခန်းဝင် ရင်း ဆရာတော်ကြီးက ပုလဲမှာ တရား စခန်း ဝင်တဲ့အခါ ယောဂီဆောင် မရှိဘူးလို့ ပြော တယ်။ ကိုယ်လည်း ပုလဲမှာ တရားစခန်း ဝင်ရင် အဆင်ပြေအောင်၊ တခြားတရား လာထိုင်တဲ့သူတွေလည်း အဆင်ပြေအောင် လှူဖြစ်တာပါ။ လှူထားတာ ကတော့ ကြာ ပြီ။ အပြီးသတ် လုပ်ပြီး ခုမှရေစက်ချ လှူ ဖြစ်တာ၊ အေးအေးချမ်းချမ်းလေး တရား ထိုင်ရအောင်လို့ပေါ့။ အဆောင်ကို ဆရာ တော်ကြီးရဲ့ တပည့်တွေက တစ်ယောက် တစ် ဆောင် လှူကြတာ။ သိန်းတစ်ရာကျော် လောက် ကုန်ကျတယ်”လို့ ပြောပြပါတယ်။
နဝရတ် က စီးပွားရေး အနေ နဲ့ Art & T8 Beauty Spa ဆိုင်ခွဲတွေ လုပ်ဖြစ်နေပြီး အနုပညာ အလုပ် တွေကိုတော့ ပရိသတ်ကို ချပြသင့်တဲ့ ကားမျိုးဆို ရိုက်ကူးဖြစ် မယ် လို့ပြောပြတာကြောင့် “အစ်မရဲ့ အနုပညာ လှုပ်ရှားမှုတွေကတော့ ဇာတ်ကားတွေ သိပ်မရိုက် ဖြစ်ဘူး။ Sky Net က ဦးဇာဂနာ စီစဉ်တဲ့ ဇာတ်လမ်း လေးတစ် ခုရိုက် ဖို့တော့ပြော ထားတာရှိတယ်။ ဇာတ်လမ်း တွဲတွေ ရိုက်ဖို့တော့ ကိုယ်အားတဲ့ အချိန်လေး နဲ့လည်း တိုက်ဆိုင်မယ်။ ရုပ်ရှင်ကား ကြီး ကလည်း မလေးရှား မှာ ရိုက်ထားတဲ့ “မဟာ ဆန်တဲ့ မာယာ မျက်နှာဖုံး”ဇာတ်ကားကြီး ရိုက်ထား တယ်။ အနုပညာ အလုပ်တွေ နဝရတ် သိပ်မလုပ် ဖြစ်ပေမယ့် နဝရတ် ရဲ့ ရင်ထဲမှာတော့ ပရိသတ်တွေ အမြဲရှိ ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

back to top